မိုးကောင်းမြို့နယ်၊ ညောင်တောကျေးရွာအုပ်စု၊ မြို့သစ်ကြီးကျေးရွာ နေသူ ဒေါ်အေးဝင်း (၄၃) နှစ်သည် (၂၆-၇-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်ခန့်တွင် မျှစ်ချိုးသွားရာ နင်းမိုင်းထိမှန်ယာခြေချင်း ဝတ်ပြတ်ရှဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သောကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီး ဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၇-၈-၂၀၁၈) ရက်နေ့၊ (၁၃းဝဝ) နာရီအချိန်တွင် မြို့သစ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှတဆင့် ကွင်းဆင်း၍ ဘေးသင့်မိသားစုထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#kcn_aug2018