Author Archives: Hlaing ChoOo

  • ရေတာရှည်မြို့နယ်၊ ရဲကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ပင်ကျေးရွာ ကမ်းပြိုဘေးကြောင့် ကြိုတင် ပြောင်းရွှေ့နေအိမ်များ အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ ရဲကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ပင်ကျေးရွာ၌ (၃၁-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၄,၇၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုး (၂) အိမ်ထောင်စာတို့အား တိုင်းဒေသကြီးလွှတ်ကိုယ်စားလှယ်နှင့်အတူ (၁၀-၈-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • ဝေါမြို့နယ်၊ ကမာကဘန်ကျေးရွာနှင့် ဝင်းကဒတ်ကျေးရွာလေဘေးနှင့် ဆင်ရွာကျေးရွာ ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝေါမြို့နယ်၊ ကမာကဘန်ကျေးရွာ၌ (၂၆-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးနှင့် ဝင်းကဒတ်ကျေးရွာ၌ (၄-၈-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁၅) လုံး၊ အမိုးလန်နေအိမ် (၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၉,၂၀၀/-) ကျပ်နှင့် ဆင်ရွာကျေးရွာ၌ (၃၀-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်ဘုန်းတော်ကြီးကျောင်း … Read more

  • ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၈) ရက်နေ့ (၁၄းဝဝ)အချိန်မှ (၁၆းဝ၀) နာရီအချိန်ထိ ကျိုင်းတုံမြို့နယ်၊ အ.ထ.က (၅) တွင် ငလျင်ဘေး ဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်အဆိုပါ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအတွက် (၃-၈-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးနှင့်ပတ်သက်၍ တက်ရောက်သူ (၃၅၀) ဦးအား အသိပညာပေးခြင်း၊ ဘေးအန္တရာယ်ပြမြေပုံရေးဆွဲခြင်းများ အကြိုပြုလုပ်ခဲ့ပါသည်။ (၆-၈-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ကိုပြုလုပ်ခဲ့ပြီး ကော်မတီလုပ်ငန်းတာဝန်များအတိုင်း ဆောင်ရွက်ရန် ညှိနှိုင်းခဲ့ကြပါသည်။ (၈-၈-၂၀၁၈) ရက်နေ့ တွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ် … Read more

  • မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ (၈-၈-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၂း၃၀) နာရီအချိန်ထိ မိုင်းဖြတ်မြို့၊ ထွေ/အုပ်ခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ အဖွင့်အမှာစကား ပြောကြားခြင်း ပြည်နယ်မှူး ဦးစိုးနိုင်နှင့် ခေတ္တမိုင်းဖြတ်မြို့နယ်မှူး ဒေါ်သင်းမြတ်ရည်ဝင်းတို့မှ ဦးဆောင်ဟောပြော ဆွေးနွေးခြင်း တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းအကြံပြုချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြား ခြင်း များဆောင်ရွက်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ နိုင်ငံရေးပါတီများ၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၈) ရက်နေ့၊ (၁၃း၄၅) အချိန်မှ (၁၄း၃၀) နာရီအချိန်ထိ ပုဗ္ဗသီရိမြို့နနယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ဖွင့်လှစ်သော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း၌ သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများ သွားရောက်ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_aug2018

Sign Up

Upcoming Events