လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက်အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော် ၊ သြဂုတ်လ ၈ ရက်
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် Thai Business Association of Myanmar မှ အလှူငွေကျပ် (၈၆,၆၀၀,၀၀၀/-)၊ Myanmar C.P. Livestock Co. Ltd မှ အလှူငွေကျပ် (၂,၀၀၀,၀၀၀/-)၊ Royal Thai Embassy,Yangon မှ အလှူငွေကျပ် (၁,၀၀၀,၀၀၀/-)၊ Bangkok Bank မှ အလှူငွေ အမေရိကန်ဒေါ်လာ(၁၀,၀၀၀)၊ PTTEP မှ အလှူငွေအမေရိကန်ဒေါ်လာ (၁,၅၀၀) တို့ကို သြဂုတ်လ (၈) ရက်နေ့ နံနက် (၀၉း၀၀) အချိန်တွင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးယာယီတာဝန်ခံ Mr.Narong Boonsatheanwong ဦးဆောင် သောအဖွဲ့မှ နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက် ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကား‌ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။

#hl1
#npw_aug2018

Sign Up

Upcoming Events