မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

8 Pic 02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ (၈-၈-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၂း၃၀) နာရီအချိန်ထိ မိုင်းဖြတ်မြို့၊ ထွေ/အုပ်ခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ အဖွင့်အမှာစကား ပြောကြားခြင်း ပြည်နယ်မှူး ဦးစိုးနိုင်နှင့် ခေတ္တမိုင်းဖြတ်မြို့နယ်မှူး ဒေါ်သင်းမြတ်ရည်ဝင်းတို့မှ ဦးဆောင်ဟောပြော ဆွေးနွေးခြင်း တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းအကြံပြုချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြား ခြင်း များဆောင်ရွက်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ နိုင်ငံရေးပါတီများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ လူမှှုရေးအသင်းအဖွဲ့များမှ စုစုပေါင်းအင်အား (၁၁၆) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#otr
#shn_aug2018

Sign Up

Upcoming Events