Author Archives: Hlaing ChoOo

  • နတ်မောက်မြို့၊မူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေပေးအပ်ပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း

    နိုဝင်ဘာလ၊၄၊ နတ်မောက် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ မူလတန်းကြိုကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေများပေးအပ်ခြင်းအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် နတ်မောက်မြို့၊ မူလတန်းကြိုကျောင်း၌ကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်အနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ မကွေးတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့ကကျောင်းဆောင်သစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းအား အမွှေး နံ့သာရည်ပက်ဖြန်းခြင်း၊ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပေးခြင်းနှင့် ကလေးငယ်များကို လက်ဆောင်များပေးအပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ရာမိမိတို့အစိုးရအနေဖြင့် လက်ရှိပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိ သောကိစ္စများကို ဆောင်ရွက်အကောင်အထည်ဖော်ပေးလျက်ရှိသကဲ့သို့ အနာဂတ်ပြည်သူများအတွက်လည်း ပိုမိုကောင်းမွန် သော အခြေအနေကောင်းများဖန်တီးပေးခဲ့ရမည်ဖြစ်ပါကြောင်း၊ ယနေ့လူငယ်များကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်း သည် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၁၈) ရက်နေ့တွင် ထားဝယ်မြို့၊ အ.လ.က (၂) ထားဝယ်ကျောင်း၌ ကျောင်းသား/သူ (၁၅၀) ဦးအားလည်းကောင်း၊ အ.ထ.က (၃) ထားဝယ်ကျောင်း၌ ကျောင်းသား/သူ (၂၅၀) ဦးအား လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #tny_Nov2018

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၈) ရက်နေ့တွင် လှိုင်းဘွဲ့မြို့နယ်၊ ရာခီဘောင်ကျေးရွာ စာသင်ကျောင်း၌ ဆရာ/ဆရာများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း (၂၀၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #krn_Nov2018

  • ပြည်သူလူထုစကားဝိုင်း၌ ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ ဖလူးကျေးရွာ၌ (၃၁-၁၀-၂၀၁၈) ရက်နေ့တွင် ပြန်/ဆက်မှ ကျင်းပပြုလုပ်သော ပြည်သူလူထုစကားဝိုင်း၌ ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များထည့်သွင်းဆွေးနွေးခဲ့ပြီး အဆိုပါအခမ်းအနားတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအသီးသီးမှလည်း ဘာသာရပ်အလိုက် ပြည်သူလူထုနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #krn_Oct2018

  • မီးဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကောလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၁၈) ရက်နေ့တွင် ရွှေမင်းဝံလမ်းဘေး ကမ္ဘောဇဘဏ်တောင်ဘက် ဈေး အနီး၌ ငလျင်အသိပညာပေးဆိုင်းဘုတ်အစား မီးဘေးအသိပညာပေးဆိုင်းဘုတ်အား ပြန်လည်စိုက်ထူပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_Nov2018

  • ရခိုင်ပြည်နယ်နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (၆/၂၀၁၈) အစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း

    ၁.၁၁.၂၀၁၈ ၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ (၆/၂၀၁၈) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ၏ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်ဆွေးနွေးခဲ့ပြီး ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင်နှင့် ကော်မတီအဖွဲ့ဝင်များ လုပ်ငန်းကော်မတီ (၂) ခုမှ … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား UNOCHA(Myanmar) မှ လာရောက်တွေ့ဆုံမှုသတင်း

    နိုဝင်ဘာ ၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် UNOCHA (Myanmar) မှ Head of Office ဖြစ်သူ Mr. Mark Cutts က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံနှုတ်ဆက်ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် UNOCHA တို့၏ ပူးပေါင်းဆောင်ရွက်နေသောကိစ္စရပ်များ၊ Letter of agreement သက်တမ်းတိုးရန်ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂ၏ Humanitarian Response Planနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ဘေး … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်မှ (၁၅း၀၀) နာရီအချိန်ထိ ပျဉ်းမနားမြို့နယ်၊ အ.ထ.က (၁) ရွှေချီရပ်ကွက် စာသင်ကျောင်း၌ ကျောင်းသား/သူ (၃၂၀) ဦးအား သဘာဝဘေးအသိပညာများဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် ကျောင်းသား/သူများအတွက် ဘောပင်လ် ဝေငှပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_Nov 2018

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၁၄) ရွှေကြာပင်ရပ်ကွက် စာသင်ကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၃၂၀) ဦးတို့အား သဘာဝဘေးအသိပညာများဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် ကျောင်းသား/သူများအတွက် ဘောပင်လ်များ ဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_Nov 2018

  • သောက်‌သုံး‌ရေကန်‌ကြီးပြုပြင်‌‌ရေးအတွက်‌မြို့နယ်ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၁-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဖျာပုံမြို့နယ် တင်ပလွှဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ၊ ဓမင်းဆိပ်ရှယ်လ်တာ နောက်ကျောဘက်ရှိ သောက်သုံး ရေကန်ကြီးပြုပြင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှခွင့်ပြုခဲ့ရာ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်သဖြင့် လုပ်ငန်းစတင်ပြုလုပ်နိုင်ရေးအတွက် မြို့နယ်ကော်မတီအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_Nov 2018  

Sign Up

Upcoming Events