လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၁-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဖျာပုံမြို့နယ် တင်ပလွှဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ၊ ဓမင်းဆိပ်ရှယ်လ်တာ နောက်ကျောဘက်ရှိ သောက်သုံး ရေကန်ကြီးပြုပြင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှခွင့်ပြုခဲ့ရာ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်သဖြင့် လုပ်ငန်းစတင်ပြုလုပ်နိုင်ရေးအတွက် မြို့နယ်ကော်မတီအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#ayy_Nov 2018