နိုဝင်ဘာ ၁၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် UNOCHA (Myanmar) မှ Head of Office ဖြစ်သူ Mr. Mark Cutts က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံနှုတ်ဆက်ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် UNOCHA တို့၏ ပူးပေါင်းဆောင်ရွက်နေသောကိစ္စရပ်များ၊ Letter of agreement သက်တမ်းတိုးရန်ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂ၏ Humanitarian Response Planနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ဘေး အန္တရာယ်စီမံခန့်ခွဲရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် UNOCHA အဖွဲ့တို့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
#hl1
#npw_Nov2018