Author Archives: Hlaing ChoOo

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၃း၃၀) နာရီအချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုး ကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် လူဦးရေ (၁၅၀) ဦးအား သဘာဝဘေး လျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ကြောင်းနှင့် အုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #bgo_nov2018

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၂း၁၅) နာရီအချိန်ထိ လွိုင်ကော် မြို့နယ်၊ အ.ထ.က (၅) ကျောင်းရှိ ကျောင်းသား/သူ စုစုပေါင်း (၂၃၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_nov2018

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၈း၀၀) အချိန်မှ (၁၀း၃၀) နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ မြွေဟောက်ကျေးရွာအုပ်စု၊ မြွေဟောက်ကျေးရွာမှ ကျေးရွာနေပြည်သူလူထု (၇၀) ဦးနှင့် ကျောင်းသား/သူ (၃၅၀) ဦး စုစုပေါင်း (၄၂၀) ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဘေး (၈) မျိုးပါ လက်ကမ်း စာစောင်များဝေငှပေးခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar … Read more

  • မီးဘေးသင့်နေအိမ်နှင့် ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဦးမှူးရုံးမှတာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ အောင်သာကျေးရွာ၌ (၁၆-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၈၀၀/-)ကျပ်နှင့် ကံသာကျေးရွာနှင့် မာန်မြေမြောက်စုကျေးရွာ (၂) ရွာ၌ (၁၉-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော … Read more

  • မီးဘေးကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၌ (၁၉-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၂၀-၁၁-၂၀၁၈) ရက်နေ့၊ (၁၄း၄၅) နာရီ အချိန်တွင် မအူပင်ပြည်သူ့ဆေးရုံကြီး၌ ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #ayy_nov2018

  • ဒဏ်ရာရလူနာများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈) ရက်နေ့၊ (၂၁း၄၅) နာရီအချိန်တွင် တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်း၌ မီးပုံးပျံလွှင့်တင်ရာမှ ယမ်းခွေကြိုးပျက်ကျခဲ့သဖြင့် ဒဏ်ရာရသူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၁၉-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၄၅) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #shn_nov2018

  • ဖြူးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆိုလာမီးအိမ်များ လွှဲပြောင်းထောက်ပံ့မှုသတင်း

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် AHA Centre မှ လှူဒါန်းထားသည့် ဆိုလာမီးအိမ် (၃၀၀၀) လုံး အနက်မှ ဆိုလာမီးအိမ် (၁၀၀) လုံးအား ဖြူးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဖြူးမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၌ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌတို့နှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၁၉-၁၁-၂၀၁၈) ရက်နေ့တွင် လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #bgo_nov2018

  • အနာဂတ် နိုင်ငံ့သားကောင်း/သမီးကောင်းများပေါ်ထွန်းရေး ရှေးဦးအရွယ်ကလေးသူငယ်များအား စနစ်တကျစောင့်ရှောက်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြောကြားမှုသတင်း

    နိုဝင်ဘာ၁၈၊နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မိခင်ဝိုင်းများကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လှည့်လည်ကြည့်ရှု၍ အားပေးထောက်ပံ့မှုများဆောင်ရွက်ခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာတွင် ဖွင့်လှစ်ထားသော လူမှုဝန်ထမ်းဦးစီးဌာန၏အသိအမှတ်ပြု ရန်အောင်မြင် မိခင် ဝိုင်းသို့ရောက်ရှိ၍ ကလေးငယ်များကိုအာဟာရမုန့်များနှင့် ကစားစရာများပေးဝေခဲ့ပြီး ဆရာမများနှင့် အလှည့်ကျ လုပ်အား ပေး နေသည့် ကျေးရွာအတွင်းရှိ မိခင်များ၊အမျိုးသမီးများကိုတွေ့ဆုံ၍ မူလတန်းကြိုကျောင်းမဖွင့်လှစ်နိုင်သေးသည့်ကျေးရွာများတွင် ရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနည်းစနစ်များနဲ့အညီ မိခင်ဝိုင်းများဖြင့် ကလေးသူငယ်များကို … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) အချိန်မှ (၁၅း၃၀) နာရီ အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲ အ.ထ.က (၁၅) စာသင်ကျောင်းတွင် ကျောင်းသား/သူ (၂၆၀) ဦးတို့အား သဘာဝဘေးအသိ ပညာများဟောပြောဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းအတွက် ဗီနိုင်းပိုစတာနှင့် ကျောင်းသား/သူများအား လက်ကမ်းစာစောင်နှင့် ဘောပင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး #ar #npw_nov2018

Sign Up

Upcoming Events