Author Archives: Hlaing ChoOo

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က လာရောက်တွေ့ဆုံမှုသတင်း

    နေပြည်တော်၊ ဇန်နဝါရီ ၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အား Ms. Rosario G. Manalo ဦးဆောင်သော လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီအသီးသီးဖွဲ့စည်း၍ ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုနောက်ဆုံးအခြေအနေများ၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ နေရပ်စွန့်ခွာ သူများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ IDP စခန်းများအား စနစ်တကျပိတ်သိမ်းနိုင်ရေး … Read more

  • မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၁၉) ရက်နေ့တွင် ကသာမြို့၊ ဈေးကြီးအနီး အ.ထ.က (၁) ကျောင်းရှေ့၌ စိုက်ထူ ထားသော မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်မှ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_str #sgg_jan2019

  • မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၌ (၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့သော နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈,၉၀၀/-) ကျပ်၊ စုစုပေါင်း … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ပင်းတယမြို့နယ်၊ အထက ပင်းတယကျာင်း၌ သဘာဝ ဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျာင်းသား /သူ (၈၀၀) ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝ ဘေးများ အတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် အသိ ပညာပေးလက်ကမ်းစာစောင်များပေးဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2018

  • မီးဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးဘင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူလူထုသိရှိစေရန်အတွက် မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ အ.ထ.က ကျောင်းရှေ့တွင် မီးဘေးအသိ ပညာပေးဗီနိုင်းဆိုင်ဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_fir #mon_dec2018

  • လှေတိမ်းမှောက်၍ သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာ ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ပိုးလောင်းကျေးရွာ၌ (၂၈-၁၁-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်၍ လှိုင်းကြီးမှုကြောင့် လှေတိမ်းမှောက်၍ သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်အား (၃-၁၂-၂၀၁၈) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သေဆုံးသူများ၏ မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_dec2018

  • မင်းပြားမြို့နယ်၊ ကင်းဆိပ်ကျေးရွာအုပ်စု၊ မော်ရွာကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦး ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကင်းဆိပ်ကျေးရွာအုပ်စု၊ မော်ရွာကျေးရွာ၌် (၂၉-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၁း၂၀) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီးသွားသော နေအိမ် (သွပ်မိုး/ဝါးကာ/ပျဉ်ခင်း) (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅) ပြည် (၂) ဘူးတို့အား (၃-၁၂-၂၀၁၈) … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Plan International Myanmar အဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း

    ဒီဇင်ဘာ ၃၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Plan International Myanmar အဖွဲ့မှ Country Director ဖြစ်သူ Mr. Kelly Stevenson ဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် လမ်းပေါ်နေကလေးများကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးဌာနက ကနဦးလေ့လာဆန်းစစ်ခြင်း ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ပြန်လည်ထူထောင်ရေး၊ ကျောင်းပြင်ပပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆိုင်ရာဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး လူငယ်များနှင့်ပတ်သက်၍ လူငယ်ရေးရာမူဝါဒ အကောင် အထည်ဖော်ဆောင်ရွက်ရေး၊ လူငယ်သင်တန်းကျောင်းများတွင် လက်ခံထားသည့် … Read more

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦး ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ်၊ ကျီရာပြင် ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဌာနမှ တာဝန် ရှိသူများမှ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေးနှင့် မိုးကြိုးဘေးများအပါအဝင် သဘာဝဘေးများနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသူ/ကျောင်းသားများနှင့် ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား ဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ကျေးရွာမှ … Read more

Sign Up

Upcoming Events