လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၌ (၃-၁၂-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့သော နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈,၉၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၁၈,၉၀၀/-) ကျပ်တို့အား (၃-၁၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#rke_dec2018