Author Archives: Hlaing ChoOo

  • ကုက္ကိုလ်ဝ မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထန်းတပင်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ စက်တန်းကျေးရွာ၌ (၁၁-၁-၂၀၁၉) ရက်နေ့တွင် ကုက္ကိုလ်ဝမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် သွပ်မိုး ပျဉ်ကာ နေအိမ် (၂) လုံး ပြိုကျမျောပါပျက်စီးခဲ့ပြီး နေအိမ် (၂) လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရ၍ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၃၁) ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၃း၀၀) အချိန်မှ (၁၅း၃၀) နာရီအချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်အုပ်စု၊ ဝမ်ယန်းကျေးရွာ၌ ပြည်သူလူထု (၁၅၀) ဦးအား ငလျင်ဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အကြောင်းအရာများ၊ အခြားဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ဟောပြောခြင်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ငလျင်လှုပ်ခတ်နေစဉ်အတွင် နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြသ ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_jan2019

  • ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အမှတ် (၄) ရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အမှတ် (၄) ရပ်ကွက်၌ (၁၂-၁-၂၀၁၈) ရက်နေ့၊ (၂၀း၅၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုးအား (၁၃-၁-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_fir #tny_jan2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ ပန်လော့ကျေးရွာအုပ်စု အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/သူ (၁၅၀) ဦးတို့အားလည်းကောင်း၊ (၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်ထိ နောင်ဆာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၆၀) ဦးအား လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန လုပ်ငန်း ဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ၊ ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့် … Read more

  • ရေးမြို့နယ်၊ အောက်ဆိပ်ကျေးရွာ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    ရေးမြို့နယ်၊ အောက်ဆိပ်ကျေးရွာ၌ (၈-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ထောင်စု (၃၉၆) စု၊ လူဦးရေ (၁၉၂၃) ဦး၊ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ (၃) ကျောင်းတို့ လေဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့် နေအိမ်များ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၁,၄၀၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂၈၂) လုံး … Read more

  • ပန်းတောင်းမြို့နယ်၊ စွယ်တော်အုပ်စု၊ စွယ်တော်ကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ စွယ်တော်အုပ်စု၊ စွယ်တော်ကျေးရွာ၌ (၅-၁-၂၀၁၉) ရက်နေ့၊ (၂၁း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၄) မျိုးနှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်တို့အား (၉-၁-၂၀၁၈) ရက်နေ့၊ (၁၂း၄၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ ဟွေခါး ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ဟွေခါး) ကျောင်းသား/သူ (၂၂၀) ဦးတို့အားလည်းကောင်း၊ (၁၃း၀၀) အချိန်မှ (၁၅း၃၀) နာရီအချိန်ထိ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/သူ (၂၀၀) ဦးအား လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ၊ ဗီဒီယိုပြသခြင်း၊ … Read more

  • ” လေဖိအားနည်းရပ်ဝန်းအခြေအနေ “

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ- (က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်နှင့် ရခိုင် ကမ်းရိုးတန်း တောင်ပိုင်းအနီးတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အားပျော့ပျက်ပြယ်သွားပြီး ဖြစ်ပါသည်။ (ခ) ယခုသတင်းသည် ဆိုင်ကလုန်းမုန်တိုင်း”ပါဘက်”(Pabuk) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်းဖြစ်ပါသည်။  

Sign Up

Upcoming Events