Author Archives: Hlaing ChoOo

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ကလေးဝ မြို့နယ်၊ သစ်ချောက်ကျေးရွာအထက်တန်းကျောင်းခွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား စုစုပေါင်း (၅၀) ဦးနှင့် ကျာင်းသား/သူ (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး လက်ကမ်း စာစောင်များဝေငှပေးခြင်းနှင့် ငလျင်နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_feb2019

  • မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် Plan International Myanmar တို့ပူးပေါင်း၍ (၁-၂-၂၀၁၉) ရက်နေ့တွင် သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ၊ အရန်မီးသတ်အစရှိသည့် လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်း အင်အား (၅၀) ဦးဖြင့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်တာဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ygn_feb2019

  • မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့၊ (၇) ရပ်ကွက်၊ မေဓါဝီလမ်း၌ (၁-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ/အိမ်ထောင်စု (၁) စုမှ လူဦးရေ(၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် actionaid အလှူပစ္စည်း (၁) စုံတို့အား (၁-၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #ayy_feb2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိ ပညာပေးဟောပြောခြင်းနှင့် ကျောင်းတွင်းနံရံကပ်ပိုစတာကပ်ခြင်းများအား ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း (၃၆၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mon_feb2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ကျောက်ဖြူမြို့၊ အစိုးရ ရပ်ကွက်၊ ရမ္မာဝတီခန်းခ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်နေစဉ် တုံံ့ပြန် ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ မုန့်များဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ကျော် ရှိပါကြောင်း သတင်းရရှိပါသည်။ Source:ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် သီပေါမြို့၊ အ.ထ.က (၂) စာသင်ကျောင်း၌ ကျောင်းသား/သူ (၅၀၀) ဦးခန့်အားလည်းကောင်း၊ နေ့လည်ပိုင်းတွင် သီပေါမြို့၊ အ.လ.က (ခွဲ) မ (၄) စာသင်ကျောင်း၌ ကျောင်းသား/သူ (၁၅၀) ဦးတို့အားလည်းကောင်း သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_feb2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် သီပေါမြို့၊ အမှတ် (၆)၊ အ.လ.က (ခွဲ) စာသင်ကျောင်း၌ ကျောင်းသား/သူ (၁၅၀) ဦးခန့်အားလည်းကောင်း၊ နေ့လည်ပိုင်းတွင် သီပေါ မြို့နယ်၊ အ.ထ.က (ခွဲ) ဘော်ကြိုစာသင်ကျောင်း၌ ကျောင်းသား/သူ (၂၅၀) ဦးတို့အားလည်းကောင်း သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #shn_feb2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်ထိ တပ်ကုန်းမြို့နယ်၊ သာယာအေးကျေးရွာ၌ ကျေးရွာသူ/သား (၂၂၅) ဦးတို့အား သဘာဝဘေးအသိပညာများဟောပြောပို့ချခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် ဘောပင်များဝေငှပေးခြင်း နှင့် ကျေးရွာအတွက် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_feb2019

  • အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Church World Service Myanmar (CWS) မှ ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများနှင့်အတူ (၃၁-၁-၂၀၁၉) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဂါတ်ကျေးရွာအုပ်စု၊ ကျွဲဂါတ်ကျေးရွာ၌ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းပိုစတာများအား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့၌ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jan2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝှေလန်ကျေးရွာ အလယ်တန်းကျောင်း၌ တက်ရောက်သူ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၅၀) ဦးအားလည်းကောင်း၊ နေ့လည် (၁၂း၃၀) အချိန်မှ (၁၄း၃၀) နာရီ အချိန်ထိ မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းခမ်းကျေးရွာ အမကကျောင်း၌ တက်ရောက်သူ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၈၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိ … Read more

Sign Up

Upcoming Events