မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့၊ (၇) ရပ်ကွက်၊ မေဓါဝီလမ်း၌ (၁-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ/အိမ်ထောင်စု (၁) စုမှ လူဦးရေ(၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် actionaid အလှူပစ္စည်း (၁) စုံတို့အား (၁-၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fir
#ayy_feb2019

Sign Up

Upcoming Events