Author Archives: Hlaing ChoOo
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေ ပြတ်လပ်လျက်ရှိသော လပွတ္တာမြို့နယ်၊ သပြေချောင်း ကျေးရွာအုပ်စု၊ ဆိပ်ကလေးကျေးရွာ၊ ကရင်မချောင်းကျေးရွာနှင့် ဒရယ်ဖြူကြီးကျေးရွာတို့မှ အိမ်ထောင်စု (၃၅၀) စု၊ လူဦးရေ (၁၃၂၉) ဦးတို့အတွက် သောက်သုံးရေ ဂါလံ (၂၀၀၀) အား (၂၉-၄-၂၀၁၉) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #ayy_apr2019
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့သစ်မြို့နယ်၊ သားမျှားကျေးရွာအုပ်စု၊ မြောက်ဖုန်း (တဲတိုက်) ရှိ ပြည်သူများ သောက်သုံးရေ ပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၁၇) လုံး၊ အိမ်ထောင်စု (၁၂၅) စု၊ လူဦးရေ (၇၃၀) ဦးတို့အတွက် သောက်သုံးရေ ဂါလံ (၆၀၀၀) အား (၃၀-၄-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_apr2019
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာ၌ (၂၄-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်တို့အား (၂၅-၄-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) … Read more
-
ဓါတ်ဆား၊ အနာကျတ်ဆေး၊ ဒဏ်ကြေလိမ်းဆေးနှင့် အလှူပစ္စည်းများ သွားရောက်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉) ရက်နေ့တွင် ဓနုဖြူမြို့နယ် အတွင်းရှိ ဓနုဖြူမြို့နယ်၊ ရွှေသံဖြူကျောင်းတိုက်၊ စိတ္တသုခကျောင်းတိုက်နှင့် အောင်ချမ်းသာ ဘုန်းတော်ကြီးသင် ပရဟိတကျောင်းတို့အတွက် ဓါတ်ဆား၊ အနာကျတ်ဆေး၊ ဒဏ်ကြေလိမ်းဆေးနှင့် အလှူပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ayy_apr2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉) ရက်နေ့တွင် မိုးကြိုကာလ ဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ဇလွန်မြို့နယ်၊ သရက်တစ်ပင်မြောက်ကျေးရွာအုပ်စု၊ အညာစုကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ မြောက်စုကျေးရွာများရှိ နေအိမ်များအနက်မှ အိမ်ခြေ (၃၀) လုံးကို ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန် အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_sgw #ayy_apr2019
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၉) ရက်နေ့တွင် မိုးကြိုကာလ ဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ဇလွန်မြို့နယ်၊ စွံပိကျေးရွာအုပ်စု၊ စွံပိကျေးရွာ၊ ကျည်းသုံးပင်ကျေးရွာ၊ သင်္ကန်းပင်ကျေးရွာ၊ နတ်ဖောင်ဆိပ်ကျေးရွာ၊ သရက်ချောင်းကျေးရွာနှင့် သနဲသပေါက်ကျေးရွာများရှိ နေအိမ်များအနက်မှ အိမ်ခြေ (၃၀) လုံးအား ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည် ရှိသော နေအိမ်များဖြစ်စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_sgw … Read more
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်၊ မယ်ဇလီပင်ကုန်းကျေးရွာအုပ်စု၊ မယ်ဇလီပင်ကုန်းကျေးရွာ၌ (၂၄-၄-၂၀၁၉) ရက်နေ့ နံနက် (၀၈း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၂) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀/-) (ကျပ်တစ်သိန်းလေးထောင့် နှစ်ရာကျပ်တိတိ) … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်မြင် သာကျေးရွာနှင့် အာလမ်းကျေးရွာတို့၌ (၁၈-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့်အိမ်ထောင်စု (၂၃) စု၊ လူဦးရေ (၁၂၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၂,၅၀၁,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၃) အိမ်ထောင်စာ တို့အားလည်းကောင်း၊ ကချင်ပြည်နယ်ကြက်ခြေနီအဖွဲ့မှ မိုးကာနှင့် Hygien Parcel (၂၃) အိမ်ထောင်စာ … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖက်တဲကုန်းကျေးရွာမှ သောက်သုံးရေ အခက် အခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ (၇၀)၊ လူဦးရေ (၄၂၀) ဦးအတွက် သောက်သုံးရေ ဂါလံ (၁၆၀၀) အား (၂၄-၄-၂၀၁၉) ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #npt_apr2019
-
ဇီးကုန်းမြို့နယ်၊ သရက်တစ်ပင်ကျေးရွာအုပ်စု၊ အိုးဖိုစုကျေးရွာ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇီးကုန်းမြို့နယ်၊ သရက်တစ်ပင်ကျေးရွာအုပ်စု၊ အိုးဖိုစုကျေးရွာ၌ (၁၄-၄-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-) ကျပ်အား (၂၂-၄-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_apr2019
