Author Archives: Hlaing ChoOo
-
ရေဘေးကယ်ဆယ်ရေးအတွက် အသက်ကယ်အင်္ကျ ီများ ထုတ်ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၉) ရက်နေ့တွင် ဘီးလင်းမြို့နယ် ရေဘေးကယ်ဆယ်ရေး အတွက် သထုံခရိုင်အုပ်ချုပ်ရေးမှူးထံသို့ အသက်ကယ်င်္ကျ ီများ ထုတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mon_jul2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျုံရစ်ကျေးရွာအုပ်စု၊ ထိပ်ဝကြီး ကျေးရွာအုပ်စုတို့၌ (၈-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၂) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၅,၂၀၀/-)ကျပ်တို့အား (၉-၇-၂၀၁၉) ရက်နေ့ (၁၄း၂၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်း ဂျမ်းတိုက်အုပ်စု၊ ရွှေကျောင်းကျေးရွာ၌ (၅-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲပျက်စီးအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀/-) ကျပ်အားလည်းကောင်း၊ အုပ်စု (၂) စု (ဖားလက်ခိုနှင့်ဓနုဘေး) ကျေးရွာ (၃) ရွာတို့၌ (၇-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုလဲပျက်စီးအိမ်ခြေ … Read more
-
မြစ်ရေကြီးခြင်း သတိပေးချက်
***************************** မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မြစ်ရေကြီးခြင်း သတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/၀၆၇၃၄၀၄၇၇၇ တို့သို့ … Read more
-
လေဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာ အုပ်စု၊ လက်ပန်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့၌ (၆-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် ပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့အလှူငွေ (၁၀၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၂၁) လုံးအတွက် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် ရပ်စောက်မြို့နယ် အ.လ.က (ထီးရီး) ၌ ကျောင်းသား/သူ စုစုပေါင်း (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်း၊ ပညာပေးဗီဒီယိုပြသခြင်းနှင့် သရုပ်ပြလေ့ကျင်းခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jul2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၉) ရက်နေ့တွင် မြဝတီမြို့၊ မေတ္တာလင်းမြိုင်ကျေးရွာရှိ မေတ္တာလင်းမြိုင် (အ.ထ.က) ရှိ ကျောင်းသား/သူ (၂၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင် ဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jul2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ပေကုန်းကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာ၊ ဆင်ကူးသောင်ကျေးရွာ၊ စစ်ချောင်းကျေးရွာအုပ်စု၊ စက်ကြီးပိုင်းကျေးရွာနှင့် ပြည်ထောင်စုကျေးရွာ၊ နတ်စဉ်ကျေးရွာ အုပ်စု၊ နတ်စဉ်ကျေးရွာတို့၌ (၈-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၄၃) လုံး အမိုးလန်ပျက်စီးနေအိမ် (၄၅) လုံး၊ စုစုပေါင်းနေအိမ် (၈၈) လုံး အိမ်ထောင်စု (၈၈) စုမှ လူဦးရေ (၃၇၅) ဦးနှင့် ဘုန်းတော်ကြီးကျောင်းဆောင် (၁) ဆောင်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ … Read more
-
သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ငမင်ကျေးရွာအုပ်စု၊ ငမင်ကျေးရွာ၌ (၈-၇-၂၀၁၉) ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့် ငမင်ချောင်းရေကျနေချိန်တွင် ကမ်းတစ်ဖက်သို့ ချောင်းဖြတ်ကူးရာမှ တောင်ကျချောင်းရေနှင့် မျောပါသေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား သေဆုံးသူ မိသားစုဝင်များထံသို့ (၉-၇-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_flf #mgy_jul2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ရပ်စောက်မြို့၊ အ.လ.က (ထီခမ်း) ၌ ကျောင်းသား/သူ စုစုပေါင်း (၂၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ပညာပေးဗီဒီယိုပြသခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jul2019
