လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ငမင်ကျေးရွာအုပ်စု၊ ငမင်ကျေးရွာ၌ (၈-၇-၂၀၁၉) ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့် ငမင်ချောင်းရေကျနေချိန်တွင် ကမ်းတစ်ဖက်သို့ ချောင်းဖြတ်ကူးရာမှ တောင်ကျချောင်းရေနှင့် မျောပါသေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား သေဆုံးသူ မိသားစုဝင်များထံသို့ (၉-၇-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_flf
#mgy_jul2019