လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ပေကုန်းကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာ၊ ဆင်ကူးသောင်ကျေးရွာ၊ စစ်ချောင်းကျေးရွာအုပ်စု၊ စက်ကြီးပိုင်းကျေးရွာနှင့် ပြည်ထောင်စုကျေးရွာ၊ နတ်စဉ်ကျေးရွာ အုပ်စု၊ နတ်စဉ်ကျေးရွာတို့၌ (၈-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၄၃) လုံး အမိုးလန်ပျက်စီးနေအိမ် (၄၅) လုံး၊ စုစုပေါင်းနေအိမ် (၈၈) လုံး အိမ်ထောင်စု (၈၈) စုမှ လူဦးရေ (၃၇၅) ဦးနှင့် ဘုန်းတော်ကြီးကျောင်းဆောင် (၁) ဆောင်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၆၀ဝ,ဝဝဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၈၇,၅၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆,၃၈၇,၅၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄၃) ပုံးတို့အား (၉-၇-၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ရပ်ဖများ၏ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy_jul2019

Sign Up

Upcoming Events