လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာ အုပ်စု၊ လက်ပန်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့၌ (၆-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် ပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့အလှူငွေ (၁၀၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၂၁) လုံးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈၂,၇၀၀/-) ကျပ်တို့အား (၉-၇-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ဝေါမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#bgo_jul2019