သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် ရပ်စောက်မြို့နယ် အ.လ.က (ထီးရီး) ၌ ကျောင်းသား/သူ စုစုပေါင်း (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်း၊ ပညာပေးဗီဒီယိုပြသခြင်းနှင့် သရုပ်ပြလေ့ကျင်းခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_jul2019

Sign Up

Upcoming Events