Author Archives: Hlaing ChoOo
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ကွမ်းခြံ ရပ်ကွက်/မြကန်သာ (၁) လမ်းတွင် (၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်နှင့် ဆိတ်ကြီးခနောင်တို မြို့နယ်/ဆိတ်ကြီးအနောက်ရပ်ကွက် (၅) နံပါတ်လမ်း/အမှတ် (၁၅၁) ၌ (၄-၇-၂၀၁၉) ရက်နေ့တွင် … Read more
-
ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်အတွင်း ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာ (၄) ရွာတို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ (၁၂-၇-၂၀၁၉) ရက်နေ့မှ (၁၄-၇-၂၀၁၉) ရက်နေ့အထိ ပြောင်းရွှေ့နေအိမ် (၁၀၃) လုံးနှင့် မျောပါ နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁၀၄) စု၊ လူဦးရေ (၅၅၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၁၆၁,၃၀၀/-) ကျပ်၊ မျောပါနေအိမ် (၁) လုံးအတွက် အိမ်ဆောက် … Read more
-
ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့၊ မအူပင်-ရေလဲလေးလမ်းမကြီးပေါ်ရှိ ယခင်က မုန်တိုင်း အသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူထားရာမှ (၁၅-၇-၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ရေဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fld #ayy_jul2019
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ မြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့် အိမ်ထောင်စု (၇၄၇) စု၊ လူဦးရေ (၄၂၈၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂) ပတ်စာ ဆန် (၆၂၄) အိတ်၊ (၄) ပြည်အား (၁၅-၇-၂၀၁၉) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #rke_jul2019
-
ရေဘေးအသိပညာဘေးပိုစတာများဖြန့်ဝေခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/နည်းများအား ရှင်းလင်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၉) ရက်နေ့တွင် ထားဝယ်ခရိုင်အတွင်း ရေဘေးအန္တရာယ်ဖြစ်ပွားလေ့ရှိသော တလိုင်းတောင်ကျေးရွာနှင့် ပကာရီကျေးရွာများသို့ သွားရောက်၍ ရေဘေး အသိပညာပေးပိုစတာများဖြန့်ဝေပေးခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား DAN Mobile Application အသုံးပြုပုံ/ နည်းများနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်း၊ Application မျှဝေပေးခြင်း၊ စတစ်ကာဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_fld #tny_jul2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ရဲကွင်းအုပ်စု၊ ရွှေဘိုတန်းနှင့် ဆက်တော ကျေးရွာ တို့၌ (၁၂-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇,၃၀၀/-) ကျပ်တို့အား (၁၅-၇-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_jul2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၇-၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ် အတွင်း ရပ်ကွက်/ကျေးရွာ (၄၂) ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး DAN Mobile Application အသုံးပြုပုံ/နည်းများအား ရှင်းလင်းပြောကြားခြင်း၊ ဆားလင်းကြီး မြို့ပေါ်ရှိ တယ်လီဖုန်းဆိုင်များအား ဖုန်းများတွင် ထည့်သွင်းပေးနိုင်ရန် ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_jul2019
-
ချောင်းရေမျောပါသေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ လှေဝန်းကျေးရွာအုပ်စု၊ လှေဝန်းကျေးရွာ၌ (၁၂-၇-၂၀၁၉) ရက်နေ့၊ (၁၉း၀၀)နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေကျနေသော တံတားကူးရိုး ချောင်းအား ဖြတ်ကူးရာ ချောင်းရေမျောပါသေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ ( ၃၀၀,၀၀၀/-) ကျပ်အား (၁၅-၇-၂၀၁၉) ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mgy_jul2019
-
စိုးရိမ်ရေမှတ်နှင့်အထက် ရောက်ရှိနေသောမြို့ (စခန်း) များနှင့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးစပ်နေသော မြို့( စခန်း) များ၏ တစ်နာရီအတွင်း မြစ်ရေပြောင်းလဲမှုအခြေအနေများ
စိုးရိမ်ရေမှတ်နှင့်အထက် ရောက်ရှိနေသောမြို့ (စခန်း) များနှင့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် နီးစပ်နေသော မြို့( စခန်း) များ၏ တစ်နာရီအတွင်း မြစ်ရေပြောင်းလဲမှုအခြေအနေများ
-
Multi Purpose Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းသွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာ အုပ်စု၊ ကြိမ်ချောင်းကြီးကျေးရွာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ်ဖြင့် တည်ဆောက် လျက်ရှိနေသော Multi Purpose Shelter (၁) လုံး၏ (၇၅%) ပြီးစီးမှုအခြေအနေအား ဘိုကလေးမြို့နယ် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့်အတူ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညွှန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_jul2019
