Author Archives: Hlaing ChoOo
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ၌ (၁၅-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁) အိမ်ထောင်စာတို့အား (၁၈-၇-၂၀၁၉) ရက်နေ့ (၁၀း၁၀) နာရီအချိန်တွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဧရာ၀တီတိုင်းဒေသကြီးအတွင်း ဆောက်လုပ်လျက်ရှိသည့် Shelter ဆောက်လုပ်ရေး ကုမ္ပဏီများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် ဧရာ၀တီတိုင်းဒေသကြီး အတွင်း ဆောက်လုပ်လျက်ရှိသော ရှယ်လ်တာ (၅၇) လုံး၏ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီး နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၁၇-၇-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန်၌ ဧရာ ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာ၀တီ တိုင်း ဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကုမ္ပဏီများမှ ၎င်းတို့၏ အခက်အခဲများ အား ရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း … Read more
-
ဧရာ၀တီတိုင်းဒေသကြီး သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၁/၂၀၁၉) ကျင်းပပြုလုပ်မှုသတင်း
(၁၇-၇-၂၀၁၉) ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၁) ၌ ဧရာ၀တီတိုင်းဒေသကြီး သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉) အား ကျင်းပပြုလုပ်ခဲ့ရာ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လုပ်ငန်းကော်မတီ (၁၁) ခုမှ အတွင်းရေးမှူးများမှ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေး တင်ပြ ခြင်းများ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းကော်မတီအချင်းချင်း ချိတ်ဆက်ဆောင် ရွက်ကြရန်၊ ရေဘေးကာလအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြရန် … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းအတွက် ကနဦးအစီရင်ခံစာနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ဇူလိုင် ၁၇၊ နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း အတွက် ကနဦးအစီရင်ခံစာနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများ သာတူညီမျှရရှိရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မသန်စွမ်းသူများ ၏ အခွင့်အရေးများဖော်ဆောင်နိုင်ရန်လည်း အမျိုးသားအဆင့်ကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဆင့်တွင် လုပ်ငန်းကော်မတီနှင့် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့ဘဏ်မှ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ဇူလိုင် ၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ကမ္ဘာ့ဘဏ်အဖွဲ့အစည်းမှDirector for Myanmar, Cambodia and Lao PDR ဖြစ်သူ Ms.Ellen Goldstein ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းအကြား ပူးပေါင်းဆောင်ရွက်နေမှုများနှင့် သုံးသပ် ချက်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးခြင်းအစီအစဉ် (MCCT) … Read more
-
ရေဘေးအသိပညာပေးပိုစတာများဖြန့်ဝေပေးခြင်းနှင့် DAN Mobile Application နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၁၉) ရက်နေ့တွင် ထားဝယ်ခရိုင်အတွင်း ရေဘေးအန္တရာယ်ဖြစ်ပွားလေ့ရှိသော ကျောက်ရပ်ကျကျေးရွာနှင့် ရှမ္မတွင်းကျေးရွာများသို့သွားရောက်၍ ရေဘေး အသိပညာပေး ပိုစတာဖြန့်ဝေပေးခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား DAN Mobile Application နှင့် ပတ်သက်၍ အသုံးပြုပုံ/ နည်းများအား ရှင်းလင်းပြောကြားခြင်း၊ Application ဖြန့်ဝေပေးခြင်း၊ Sticker ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_fld #tny_jul2019
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ ရွှေကူမြို့နယ်၊ တောပုန်းကျေးရွာ၊ ဆင်တပ်ကျေးရွာ၊ ကျောက်တစ်လုံးကျေးရွာတို့၌်(၁၃-၇-၂၀၁၉)ရက်နေ့၊ (၁၄-၇-၂၀၁၉) ရက်နေ့နှင့် (၁၅-၇-၂၀၁၉) ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့စခန်းများဖြစ်ကြသော ရွှေကူမြို့၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ သူဌေးတောရဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုန်းတော်ကြီးကျောင်းနှင့် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်း ရွှေမြင်းတတင်ဘုန်းတော်ကြီး ကျောင်းများသို့ အိမ်ထောင်စု (၆၄) စု၊ … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း၌ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ စတင် ဖြစ်ပွားလျက်ရှိရာ (၁၆-၇-၂၀၁၉) နေ့အခြေအနေအရ – ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဆင်ဘို၊ ဝိုင်းမော်၊ တနိုင်း၊ ဆော့လော်၊ ဗန်းမော်၊ ရွှေကူမြို့နယ်များ၌ အိမ်ထောင်စု (၄၂၀၀) ကျော်၊ လူဦးရေ (၂၀၃၀၀) ဦးကျော်တို့အား ယာယီ ရေဘေးရှောင်နေရာ (၇၀) ကျော်နှင့် နီးစပ်ရာဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့ထား ပါသည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ရေဘေးရှောင်ပြည်သူများထံသွားရောက်၍ … Read more
-
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေနစ်မြုပ်ကျေးရွာများမှ ဘေးသင့်ပြည်သူများအတွက် လိုအပ်သည်များ ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် လိုက်လံကြည့်ရှု စာရင်းကောက်ယူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၁၉) ရက်နေ့တွင် ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေနစ်မြုပ်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများသို့ လိုအပ်သည်များ ကူညီထောက်ပံ့ ပေးနိုင် ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တာဝန်ရှိ ဌာနဆိုင်ရာများနှင့်အတူ ရေဝင်ရောက်သည့်ကျေးရွာများသို့ လိုက်လံကြည့်ရှုခြင်းနှင့် စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019
-
ရေဘေးသင့်အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးခရိုင်/ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ အဖွဲ့ဝင်တို့နှင့်အတူ ခန္တီးမြို့နယ်အတွင်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း၌ မြစ်ရေကြီးမှုကြောင့် (၁၂-၇-၂၀၁၉) နေ့မှ (၁၅-၇-၂၀၁၉) နေ့အထိ ရေလွတ်ရာသို့ ပြောင်းရွှေ့ကြရသော ရွှေမြင့်မိုရ်ကျေးရွာမှ အိမ်ထောင်စု (၄၄) စု၊ လူဦးရေ (၁၈၇) ဦး၊ ဆင်သေကျေးရွာမှ အိမ်ထောင်စု (၁၀၃) စု၊ လူဦးရေ (၅၀၈) ဦး၊ ချောင်းဝကျေးရွာမှ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၁၁၄) ဦး၊ … Read more
