ဧရာ၀တီတိုင်းဒေသကြီး သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၁/၂၀၁၉) ကျင်းပပြုလုပ်မှုသတင်း

 

 

(၁၇-၇-၂၀၁၉) ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၁) ၌ ဧရာ၀တီတိုင်းဒေသကြီး သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉) အား  ကျင်းပပြုလုပ်ခဲ့ရာ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လုပ်ငန်းကော်မတီ (၁၁) ခုမှ အတွင်းရေးမှူးများမှ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်း၊ ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေး တင်ပြ ခြင်းများ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းကော်မတီအချင်းချင်း ချိတ်ဆက်ဆောင် ရွက်ကြရန်၊ ရေဘေးကာလအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြရန် နှင့် မြေပြိုဘေးအန္တရာယ်မှ လျော့နည်းစေရေး စီမံဆောင်ရွက်ကြရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ar

#ayy_jul2019

 

 

Sign Up

Upcoming Events