လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ၌ (၁၅-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁) အိမ်ထောင်စာတို့အား (၁၈-၇-၂၀၁၉) ရက်နေ့ (၁၀း၁၀) နာရီအချိန်တွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ayy_jul2019