Author Archives: Hlaing ChoOo
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ မန်းကျိုးကျေးရွာနှင့် ထုံးမကြီးကျေးရွာတို့၌ (၂၆-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စု(၈)စုမှ လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ စုစုပေါင်းထောက်ပံ့ငွေ (၄၆,၂၀၀/-)ကျပ်အား (၂၉-၇-၂၀၁၉) ရက်နေ့ (၁၄း၂၅) နာရီ အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mgy_jul2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့ (၁၀:၀၀) အချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ကျိုင်းတုံမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲကို သင်တန်းသူ (၁၀၀) ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေး အန္တရာယ်မဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားများကို လက်တွေ့သရုပ်ပြသခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရပ်ကွက် (၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁) စု၌ (၂၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အမိုးလန်နေအိမ် (၂) လုံးရှိ လူဦးရေ (၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၄,၇၀၀/-) ကျပ်တို့အား (၂၉-၇-၂၀၁၉) ရက်နေ့ (၁၃းဝဝ) နာရီအချိန်တွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ လက်ဝယ်အရောက် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့ (၁ဝး၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ကျွဲခြံအင်းကျေးရွာအုပ်စု၊ ဗိုလ်ကြီးကုန်းကျေးရွာ၊ ဗိုလ်ကြီးကုန်း ပရိယတ္တိစာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်း တို့ပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီအသင်းအဖွဲ့များ၊ ရပ်ကျေး စာရေးနှင့် ကျေးရွာသူ/သား (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #bgo_jul2019
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ မြောင်းမြမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းပညာရတနာခန်းမ၌ ကျောင်းသား၊ ကျောင်းသူ (၅၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သော အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jul2019
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၂းဝဝ) နာရီအချိန်အထိ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ မဟာစည်ဓမ္မာရုံ၌ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-မုတ္တမ) မှ ကျောင်းသား/သူအင်အား စုစုပေါင်း (၃၀၀) ဦးခန့့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာ ပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းနှင့် ၎င်းကျောင်းရှိ ဆရာ/ဆရာမများအား (DAN) Mobile Application ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mon_jul2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ အ.လ.က (ရွှေဇာလီ) ၌ ကျောင်းသား/ သူ စုစုပေါင်း (၁၆၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jul2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီး မင်းဘူး၊ စလင်းမြို့နယ်များရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်ထောက်ပံံ့ကူညီခြင်း
ဇူလိုင်၊၂၈၊မကွေးမြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဘေးလွတ်ကင်းရာသို့ ပြောင်းရွေ့ခဲ့ရသည့်ပြည်သူများကို ဖောင်းလင်းကျေးရွာရှိ ရှင်ပင်ရွှေစော လူးဓမ္မာရုံတွင် တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဧရာဝတီမြစ်ရေမြင့်တက်ခြင်းကြောင့် နှစ်စဉ်ကြုံတွေ့ရသော ဤဒေသသို့ မိမိတို့ အနေဖြင့် နှစ်စဉ်လာရောက်ကြည့်ရှုထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မြစ်ရေကြီးခြင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်း များဖြစ်သော မြစ်ကြောင်းပြုပြင်ရေးလုပ်ငန်းများ၊ ရေထွက်မြောင်းတူးဖော်ရေးလုပ်ငန်းများ၊ ဧရာဝတီမြစ်ကြောင်း မတိမ်ကောရေးလုပ်ငန်းများကို စီမံကိန်းများရေးဆွဲပြီး အကောင်အထည်ဖော်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော်လည်း ဆောင်ရွက်နိုင်မှုပမာဏမ လုံလောက်သေးပါကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်ပြီး အရေးအပေါ် အကြောင်းကိစ္စများရှိပါက မိမိတို့ဝန်ကြီးဌာန၏ … Read more
-
ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကြံ့တော(တ)ကျေးရွာ၌ (၂၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၂၉) လုံး၊ အိမ်ထောင်စု (၂၉) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၉၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၁၁)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၃၃,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၁၃၃,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၂၉) စုစာတို့အား (၂၅-၇-၂၀၁၉) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက် … Read more
-
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ထုံးမကြီးကျေးရွာတွင် (၂၅-၇-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၉၈,၇၀၀/-) ကျပ်တို့အား (၂၆-၇-၂၀၁၉) ရက်နေ့ (၁၅း၁၅) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mgy_jul2019
