သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ မြောင်းမြမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းပညာရတနာခန်းမ၌ ကျောင်းသား၊ ကျောင်းသူ (၅၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သော အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_jul2019

Sign Up

Upcoming Events