ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကြံ့တော(တ)ကျေးရွာ၌ (၂၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၂၉) လုံး၊ အိမ်ထောင်စု (၂၉) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၉၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၁၁)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၃၃,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၁၃၃,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၂၉) စုစာတို့အား (၂၅-၇-၂၀၁၉) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက် ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#mgy_jul2019

Sign Up

Upcoming Events