သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၁၉) ရက်နေ့ (၁ဝး၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ကျွဲခြံအင်းကျေးရွာအုပ်စု၊ ဗိုလ်ကြီးကုန်းကျေးရွာ၊ ဗိုလ်ကြီးကုန်း ပရိယတ္တိစာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်း တို့ပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီအသင်းအဖွဲ့များ၊ ရပ်ကျေး စာရေးနှင့် ကျေးရွာသူ/သား (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ar
#bgo_jul2019

Sign Up

Upcoming Events