Author Archives: Hlaing ChoOo
-
ကမ်းပြိုဘေးသင့်ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့ခရိုင်၊လေးမျက်နှာမြို့မယ်၊ ခတ္ထူအုပ်စု၊ ခတ္ထူကျေး ရွာ၌ (၂၂-၈-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသော အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ( ၄,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်တို့အား (၂၃-၈-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေး ဖြစ်ပွားရာဒေသသို့ ကွင်းဆင်းသွားရောက်၍ ကမ်းပြိုဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေးသင့်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတမြို့နယ်၊ အုပ်စု(၂) စု (အိပ်ပျက်၊စစ်ကုန်း)၊ကျေးရွာခွဲ (၃) ရွာတို့၌ (၁၅-၈-၂၀၁၉) ရက်နေ့မှ(၂၁-၈-၂၀၁၉) ရက်နေ့ထိ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသော အိမ်ခြေ (၂၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၇၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၉၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာဖိုးငွေ ( ၁၈၉,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၈၈၉,၀၀၀/-) ကျပ်တို့အား (၂၃-၈-၂၀၁၉) ရက်နေ့တွင် ဟသာၤတမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) အချိန်မှ (၁၅း၀၀) နာရီအချိန်အထိ လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာတွင် ပြည်သူများ သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၀၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာ သူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_aug2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေး Japan Heart အဖွဲ့အစည်းနှင့်တွေ့ဆုံမှုသတင်း
၂၁-၈-၂၀၁၉၊ ရန်ကုန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၌ Japn Heart အဖွဲ့အစည်းနှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံမှမသန်စွမ်းသူများ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေသည့်အဖွဲ့အစည်းများနှင့် ရင်းနှီးစွာ လက်တွဲဆောင်ရွက်နေသည့်အခြေအနေ၊ အမြင်အာရုံမသန်စွမ်းသူများအတွက် မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ မသန်စွမ်းသူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ၊ မျက်မမြင်အကြောပြင် အနှိပ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံရှိ မျက်မမြင်လူငယ်များအတွက် အနှိပ်ပညာရပ်နှင့် အနှိပ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မျက်မမြင်ဆေးပညာရပ်ဖွံ့ဖြိုးရေးအတွက် အကြောပြင်ပညာရှင်များ အတွက် စံသင်ရိုးညွန်တမ်း မိတ်ဆက်ရန်နှင့် လိုက်နာရန် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၉) ရက်နေ့တွင် အ.ထ.က(ကော့ကျိုက်)ကျောင်းသို့ သွားရောက်၍ ကျောင်းသူ/သား (၃၀၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ရာသီဥတုပြောင်းလဲမှုအရ မြန်မာနိုင်ငံ တွင် ပြောင်းလဲလာသည့် မိုးရွာသွန်းချိန်ကာလ၊ ရွာသွန်းမှုပုံစံများအား ထည့်သွင်းပြောကြားခဲ့ပါကြောင်းနှင့် လက်ကမ်း စာစောင်များ၊ ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyn_aug2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၉) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ အ.လ.က ကန်သာကျာင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ အင်အား (၁၂၀) ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအကြောင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_aug2019
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀) နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
-
အငယ်တန်းစာရေးနှင့် ပစ္စည်းထိန်း (၅) ရာထူးလျှောက်ထားသူများအတွက် ဖြေဆိုခွင့်ရရှိသူအမည်နှင့် ခုံအမှတ်စာရင်း
အငယ်တန်းစာရေးနှင့် ပစ္စည်းထိန်း (၅) ရာထူးလျှောက်ထားသူများအတွက် ဖြေဆိုခွင့်ရရှိသူအမည်နှင့် ခုံအမှတ်စာရင်း ဧရာဝတီတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးချင်းပြည်နယ် ကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီမွန်ပြည်နယ်နေပြည်တော် ရခိုင်ပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ် တနင်္သာရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး
