လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၉) ရက်နေ့တွင် အ.ထ.က(ကော့ကျိုက်)ကျောင်းသို့ သွားရောက်၍ ကျောင်းသူ/သား (၃၀၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ရာသီဥတုပြောင်းလဲမှုအရ မြန်မာနိုင်ငံ တွင် ပြောင်းလဲလာသည့် မိုးရွာသွန်းချိန်ကာလ၊ ရွာသွန်းမှုပုံစံများအား ထည့်သွင်းပြောကြားခဲ့ပါကြောင်းနှင့် လက်ကမ်း စာစောင်များ၊ ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#kyn_aug2019