Author Archives: Hlaing ChoOo
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ******************************************* ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် (၃)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် ***************** သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် … Read more
-
ဘုန်းတော်ကြီးကျောင်းအတွက် သွပ်ချပ်များထောက်ပံ့လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ သဲကုန်း-ညောင်အိုင်တာ တည်ဆောက်ရာတွင် တာလမ်းကြောင်းနှင့် လွတ်ကင်းမှုမရှိသဖြင့် ပြောင်းရွေ့ဆောက်လုပ်သော မင်္ဂလာဘုံပျံ ဘုန်းကြီးကျောင်း အမိုးမိုးရန်အတွက် သွပ်ချပ် (၂၀၀) အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ(၄-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_sep2019
-
ရေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်မြို့နယ်၊ နဝဒေးရပ်ကွက်နှင့် ဇီးအုပ်ကျေးရွာအုပ်စုတို့၌ (၁-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ပြိုလဲနေအိမ် (၂) လုံးနှင့် ပြောင်းရွှေ့နေအိမ် (၇၇) လုံး စုစုပေါင်း အိမ်ခြေ (၇၉) လုံးမှ လူဦးရေ (၃၈၇) ဦး ရေဘေးသင့်ခဲ့ပြီး ပြိုလဲနေအိမ် (၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃၈၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၁၂,၇၀၀/-) … Read more
-
ကမ်းပြိုဘေးသင့်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲမြု့နယ်၊ ဝဲကြီးဝကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာတွင် (၂၉-၈-၂၀၁၉) ရက်နေ့နှင် (၂-၉-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၉) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၉၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးရန်ပုံငွေ(၁၀၂,၉၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ:(၁,၀၀၂,၉၀၀/-)ကျပ်တို့အား (၄-၉-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #ayy_sep2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစုကျေးရွာအုပ်စု၊ ကျုံခရိုင်ကျေးရွာ၊ သကံ ရှမ်းကွင်းကျေးရွာ၊ သဲအိမ်ကျောင်းစုကျေးရွာတို့၌ (၂-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၁၇) လုံး၊ အမိုးလန်နေအိမ် (၂) လုံးနှင့် ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ (၁) လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးနှင့် အိမ်ဆောက်/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၉၁၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၇၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၅၃၃၀၀/-) ကျပ်တို့အား … Read more
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်းကုန်းကျေးရွာ၌ (၂-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀/-) ကျပ်တို့အား (၄-၉-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #tny_sep2019
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်၊ ဧရာမင်းခန်းမ၌ (၄-၉-၂၀၁၉) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ဖွင့်ပွဲအခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်မှ အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူမှ သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြာင်းခဲ့ပြီး မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ(ကိုယ်စား) အဖွဲ့ဝင်တစ်ဦးမှ အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူ စုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ပြီး … Read more
-
မီးဘေးသင့် ဒဏ်ရာရသူများနှင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ တောရကျောင်း၌ (၂၉-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်နှင့် ဆေးရုံတက် ဒဏ်ရာရလူနာ (၃) ဦးအတွက် ထောက်ပံ့ငွေ (၁၅၀,၀၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၉) ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများနှင့်အတူ ကျန်ရစ်သူမိသားစုဝင်များထံသို့လည်းကောင်း၊ ဒဏ်ရာရပြည်သူများထံသို့လည်းကောင်း အသီးသီး … Read more
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ စစ်တွေမြို့သို့ ရောက်ရှိလာသော ဟိန္ဒူမိသားစုဝင် အိမ်ထောင်စု (၁၁) စု၊ လူဦးရေ(၃၁)ဦးအတွက် စက်တင်ဘာလ(၁)လစာအတွက် အခြေခံစားနပ်ရိက္ခာ ဆန် (၉) အိတ်၊ (၁၆) ပြည်၊ (၄) ဗူး၊ ဆီ (၁၁) ပိဿာ ၊ ဆား (၁၁) ပိဿာ၊ ပဲ (၅.၅) ပိဿာ ၊ စုစုပေါင်းတန်ဖိုး (၃၄၀,၀၅၀/-) အား (၃-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ရေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကဝမြို့နယ်၊ တံတားဦးကျေးရွာအုပ်စု၌ (၃-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ရေဘေးသင့်အိမ်ထောင်စု (၅၆) စုမှ လူဦးရေ (၂၂၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄၇၆,၇၀၀/-) ကျပ်တို့အား (၄-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကဝမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #bgo_sep2019
