Author Archives: Hlaing ChoOo
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ်၊ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူ စုစုပေါင်း (၂၀၀) ဦးတက်ရောက်ခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်များနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_sep2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံမှုသတင်း
စက်တင်ဘာ ၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး H.E. Ms. Karen MacArthurh အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် တာဝန်ထမ်းဆောင်ရမည့်ကာလပြည့်မြောက်သဖြင့် မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E. Ms. Karen MacArthur က ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာအတွေ့ အကြုံ များနှင့် အကြံပြုချက်များအား ဆွေးနွေးပြောကြားရာတွင် လတ်တလောကြုံတွေ့နေရသော … Read more
-
မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ပုလဲလမ်းသွယ်(၁) လမ်း၌( ၉-၉-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် လုံးဝပျက်စီးအိမ်ခြေ (၄) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁) လုံး စုစုပေါင်းအိမ်ခြေ (၅) လုံး အိမ်ထောင်စု (၈)စုမှ လူဦးရေ (၃၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၈) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အနာဂတ်နိုင်ငံနှင့် အနာဂတ်မျိုးဆက်များကောင်းရန် ရှေးဦးအရွယ်ကလေးသူငယ်ဘဝအရေးကြီးကြောင်း ရှင်းလင်းဆွေးနွေးမှုသတင်း
စက်တင်ဘာ၊၈၊တောင်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ရှိမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများရှိ ဆရာမများ၊ ရှေးဦးအရွယ်ကလေးငယ်များ၏ မိဘများ၊ ပြုစုစောင့်ရှောက်သူများနှင့် ယမန်နေ့က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာန၏ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အဓိက လုပ်ငန်းကြီး (၇) ရပ်တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ အကောင် အထည်ဖော်လျက်ရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဘဝသည် အသက်(၈)နှစ်အထိသာဖြစ်၍ အချိန် အကန့်အသတ်ရှိပါကြောင်း၊ … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂-၉-၂၀၁၉) ရက်နေ့မှ (၆-၉-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်သော ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံ များနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းတွင် (၅-၉-၂၀၁၉) ရက်နေ့၌ ဦးစီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ လုပ်ငန်ငန်းတာဝန်များနှင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်၍ သိရှိထားရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား ဟောပြောပို့ချခဲ့ပြီး သင်တန်းသား/သူ (၇၀) ဦးတို့အား သဘာဝဘေးလက်ကမ်းစာဆောင်များနှင့် DAN Mobile Application ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ မရဲ့ပျားမွတ်ကျေးရွာ၌ (၂-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်တို့အား (၅-၉-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_sep2019
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကသဝင်ကျေးရွာအုပ်စု၊(ကသဝင်ရွာမ၊ ဝေယံကျွန်း၊ ရွှေဖလားကျွန်း)ကျေးရွာတို့၌ (၄-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၃၂) လုံး အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၄၆) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃,၂၀၀,ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၀၆,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၅၀၆,၆၀ဝ/-) ကျပ် တို့အား (၅-၉-၂၀၁၉) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် … Read more
-
လမ်းမြေဖို့ခြင်း လုပ်ငန်းများဆောင်ရွက်နိုက်ရန်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း (၁၀-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကန့်ဒေါင့်ကျေးရွာနှင့် ကြောင်ဝင်ဒူကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းမကြီး ရေတိုက်စားမှုကြောင့် အရှည် (၂၀) ပေ၊ အနက် (၈) ပေခန့် ရေတိုက်စားမှုဖြစ်ပွားခဲ့ခြင်းအတွက် လမ်းမြေဖို့ခြင်း လုပ်ငန်းများဆောင်ရွက်နိုက်ရန်အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၅-၉-၂၀၁၉) ရက်နေ့တွင် ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_sep2019
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် (၂-၉-၂၀၁၉) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲရှောင် စခန်း (၅) ခုမှ ထပ်မံရောက်ရှိလာသော တိုက်ပွဲရောင်အိမ်ထောင်စု (၇၄) စု၊ လူဦးရေ (၂၇၈) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၅၈၃,၈၀၀/-) ကျပ်တို့အား (၅-၉-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #shn_sep2019
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေ မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area)သည် အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။”
