Author Archives: Hlaing ChoOo

  • ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ အန္တားကျေးရွာ၊ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ၌ (၁၈-၉-၂၀၁၉) ရက်နေ့ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ ဆရာ/ဆရာမ (၁၂) ဦး၊ ကျောင်းသား/သူ (၂၃) ဦးနှင့် ကျေးရွာနေပြည်သူလူထု (၃၀) ဦး၊ စုစုပေါင်း (၆၅) ဦးတို့အား ငလျင်ဘေးနှင့် အခြား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ (၂၂-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အိမ်ထောင်စု (၉) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၈,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃၇) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇၇,၇၀၀/-) ကျပ်တို့အား (၁၈-၉-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၉) ရက်နေ့ နံနက် (၀၉းဝဝ) အချိန်မှ (၁၁း၃၀) နာရီအချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ အ ထ က (၁၃) စာသင်ကျောင်းတွင် ငလျင်ဘေး အန္တရာယ် ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ ကျောင်းသား/သူ (၂၅၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဒုခရိုင်ပညာရေးမှူး၊ ဒုမြို့နယ် ပညာရေးမှူး၊ ပုဗ္ဗသီရိအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်း ကျေးရွာအုပ်စု၊ ဆင်မဝဲချောင်းကျေးရွာ၌ (၁၂-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်ပြည်သူ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ(၆,၃၀၀/-)ကျပ်တို့အား (၁၈-၉-၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၉) ရက်နေ့တွင် အ.ထ.က (၃) (ကြာအင်းဆိပ်ကြီး) ပညာတန်ဆောင်ခန်းမ၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ အင်အား (၂၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ဌာနှင့် ပတ်သက်သော သိကောင်းစရာများ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗလာစာအုပ်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည် Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar … Read more

  • ကမ်းပြိုဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာ အုပ်စု၊ သာယာစုကျေးရွာ၌ (၁၁-၉-၂၀၁၉) ရက်နေ့တွင် ချောင်းကမ်းပါးပြိုကျမှုကြောင့် မျောပါပျက်စီးခဲ့သည့် လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၁၀,၅၀၀/) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့အား (၁၇-၉-၂၀၁၉)ရက်နေ့တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ha_rbe #npw_sep2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှယ်ရာဝတီလူမှုဖွံ့ဖြိုးရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၆-၉-၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာအုပ်စု၊ ရေကမြင်း (၂) ကျေးရွာ အမက ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၇၃) ဦးတို့အားလည်းကောင်း၊ (၁၇-၉-၂၀၁၉) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာအုပ်စု၊ နှာနှပေါက်ကျေးရွာ၌ ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၀၅) ဦးတို့အားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • ဘင်္ဂလားပင်လယ်အော်အခြေအနေ

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၁၇) ရက်နေ့ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ကမ်းခြေအနီးတွင် နောက် (၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပါသည်။”

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) မှ (၁၁း၃၀) နာရီအချိန်ထိ သံဖြူဇရပ်မြို့၊ ကြာကန်ရပ်ကွက်၌ ပြည်သူလူထု (၇၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_sep2019

  • ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်း၌ ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန်အတွက် ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီ လူမှုအဖွဲ့အစည်းများ၊ ဆရာ/ဆရာမများနှင့် ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါကြောင်းနှင့် အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သူများအား DAN Mobile Application ထည့်သွင်းခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #mon_sep2019

Sign Up

Upcoming Events