Author Archives: Hlaing ChoOo
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာ ဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာ၊ ရာအိမ်မှူးအိမ်၌ (၂၁-၁-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၅:ဝ၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန် /ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ ပိုစတာများ၊ ဗီနိုင်းများ၊ ငလျင်ယပ်တောင်များ၊ ငလျင်ဇာတ်တိုက်စာအုပ်များ၊ ငလျင်ရုပ်ပြစာအုပ်များနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ရာ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချူပ် ရေးမှူးနှင့် ကျေးရွာသူ/သား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် ပြည်ခရိုင်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန် ရှိသူများ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများနှင့်အတူအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ရန်ကုန်ပြည်လမ်းနှင့်အရှေ့လမ်းဆုံတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ် တုံ့ပြန် ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို ပြည်သူများ သိရှိစေရန် အတွက် (၉ ပေ ၆ ပေ ) မုန်တိုင်းဘေး အသိပညာပေးမြေစိုက်ဆိုင်းဘုတ်အား သွားရောက်စိုက်ထူခဲ့ပါကြောင်း သတင်း ရရှိ ပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံး … Read more
-
မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများနှင့်အတူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးရုံးထောင့်ကံကြီးလမ်းနှင့် ဗိုလ်ရုံလမ်းဆုံတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို ပြည်သူများ သိရှိစေရန် အတွက် (၉ ပေ ၆ ပေ ) မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ်အား သွားရောက်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ) #ar_str #bgo_jan2020
-
ပန္နက်တင်အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ရေကြည်မြို့နယ်ဦးစီးမှူးရုံး (၅၀x၃၀x၂၈) RCC နှစ်ထပ်ရုံး ဆောက်လုပ်ရန်အတွက် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့နှင့်တူ ပန္နက် တင်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_jan2020
-
အသိပညာပေးဗီနိုင်းဆိုင်းဘုတ်အသစ်များစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီအလိုက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများသိရှိစေရန်အတွက် အသိပညာပေးဗီနိုင်း ဆိုင်းဘုတ်ပိုစတာများအား ပျဉ်းမနားမြို့၊ အမှတ် (၁) ဈေးအရှေ့ဘက် Transformer အရှေ့ဘက်မျက်နှာစာ အနီး၊ ပျဉ်းမနားမြို့၊ ယုဇနဈေးကားပါကင်အနီး၊ လယ်ဝေးမြို့၊ ဈေးအရှေ့ဘက်ပျံကျ ဈေးပတ်လမ်းတို့တွင် (၂၀-၁-၂၀၂၀) ရက်နေ့တွင် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၌ (၁၆-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်လူဦးရေ (၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၈,၀၀၀/-)ကျပ်၊ ဆန်ရိက္ခဖိုးငွေ(၇)ရက်စာ (၈,၄၀၀/-)ကျပ်၊ စုစုပေါင်း (၈၆,၄၀၀/-)ကျပ်တို့အား (၂၀-၁-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် မော်လမြိုင် ကျွန်း မြို့နယ် … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ ချောင်းချောက်ကျေးရွာအုပ်စု၊ နောင်အန်းကျေးရွာအနီး၌ လက်နက်ငယ်ထိမှန်၍ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၀-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #shn_jan2020
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ တိုးချဲ့ (၂) လမ်း၌ (၁၉-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်တို့အား (၂၀-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ … Read more
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၁:၃၀) နာရီအချိန်ထိ မိုင်းဖြတ်မြို့နယ်၊ ဟကြားဟုန်ကျေးရွာ၌ ကျေးရွာသူ/သား စုစုပေါင်း (၅၀) ဦးအားလည်းကောင်း၊ (၁၃:၀၀) အချိန်မှ (၁၄:၃၀) နာရီအချိန်တွင် ဟကြားဒီပ (ပေါ်) ကျေးရွာသူ/သား စုစုပေါင်း (၇၀) ဦးအား လည်းကောင်း ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာများအကြောင်း အသိပညာပေး ဟောပြောခြင်း၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Mainly I Love Kids (MILK), Myanmar တို့အကြား ရခိုင်ပြည်နယ်တွင် ပူးပေါင်းဆောင်ရွက်မည့်သဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်
နေပြည်တော်၊ဇန်နဝါရီ၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Mainly I Love Kids (MILK), Myanmar တို့အကြား Dreams University စီမံကိန်း၏ ကနဦးဆောင်ရွက်မည့် အသက်မွေးဝမ်း ကျောင်းပညာရပ်များ လေ့ကျင့်သင်ကြားရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုစာလွှာ (Cooperation Agreement) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါ ဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို တစိုက် မတ်မတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ … Read more
