လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၁:၃၀) နာရီအချိန်ထိ မိုင်းဖြတ်မြို့နယ်၊ ဟကြားဟုန်ကျေးရွာ၌ ကျေးရွာသူ/သား စုစုပေါင်း (၅၀) ဦးအားလည်းကောင်း၊ (၁၃:၀၀) အချိန်မှ (၁၄:၃၀) နာရီအချိန်တွင် ဟကြားဒီပ (ပေါ်) ကျေးရွာသူ/သား စုစုပေါင်း (၇၀) ဦးအား လည်းကောင်း ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာများအကြောင်း အသိပညာပေး ဟောပြောခြင်း၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ ရှင်းလင်း ပြောကြားခြင်းနှင့် ဘေး (၈) မျိုးပါ လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#shn_jan2020