Author Archives: Hlaing ChoOo

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ စကားကုန်းကျေးရွာ အုပ်စု၊ မာဂရီကျေးရွာ၌ (၁၁-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်တို့အား (၁၃-၃-၂၀၂၀) ရက်နေ့၊ (၁၆:၄၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၃-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ ကျွန်းသာယာကျေးရွာတွင် လေပြင်းဘေး ကြိုတင် ကာကွယ်ရေးအတွက် နေအိမ်များအား ဖြည့်စွက်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ရပ်မိရပ်ဖ များနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #sgw #ayy_mar2020

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကျွန်းသာယာ ကျေးရွာအုပ်စု၊ ခုနှစ်စဉ်ငူကျေးရွာ၌ (၈-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ထောင်စု(၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး စက္ကူပုံးပါ (၄) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇)ရက်စာ (၂၃၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၂၃,၁၀၀/-) ကျပ်တို့အား (၁၃-၃-၂၀၂၀) ရက်နေ့ … Read more

  • ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံရောက်ရှိလာကြသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၃၄) စု၊ လူဦးရေ (၁၄၀) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာ အိတ် (၂၀) နှင့် (၁၀) ပြည်၊ တန်ဖိုးငွေ (၅၈၈,၀၀၀/)ကျပ်တို့အား (၁၄-၃-၂၀၂၀) ရက်နေ့တွင် ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_mar2020

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် စစ်တွေမြို့နယ်၊ ညိုရောင်ချောင်းကျေးရွာမှ ကျေးရွာသူ/သား (၅၀) ဦးတို့ အား လည်းကောင်း၊ နေ့လည်ပိုင်းတွင် မြစ်နားကျေးရွာမှ ကျေးရွာသူ/သား (၉၀) ဦးတို့အားလည်းကောင်း သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကော်ဖီမစ်ထုပ်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #rke_mar2020

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး ရွှေဘိုမြို့၊ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် အသက်မွေးသင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှု

    ဖေဖော်ဝါရီ ၊ ၁၅ ၊ ရွှေဘို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ မေတ္တာရိပ် အမျိုးသမီး စောင့်ရှောက်ရေးဂေဟာနှင့် အသက်မွေးသင်တန်းကျောင်းသို့ ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသွားရောက် ကြည့်ရှုခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါ သင်တန်းကျောင်းရှိ ကွန်ပျူတာသင်တန်း ခန်းမ၊ ပန်းချီအရောင်းပြခန်း၊ အလှပြင်သင်တန်းခန်းမနှင့် အမျိုးသမီးငယ်များအား ပြုစု စောင့်ရှောက်ပေးမည့် အဆောက်အဦတို့ကို လိုက်လံကြည့်ရှုခဲ့ကြပြီး သင်တန်းကျောင်းအုပ်နှင့် တာဝန်ရှိသူများက အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် အသက်မွေးသင်တန်းကျောင်း၌ ဆောင်ရွက်ပေးရန် စီစဉ်ထားသည့် လုပ်ငန်းစဉ်များအလိုက် ရှင်းလင်းတင်ပြခဲ့ပါသည်။ … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၌ (၁၅-၂-၂၀၂၀) ရက်နေ့၊ (၁၉:၀၀) နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၆,၃၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (၁) အိမ်ထောင်စာတို့အား … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ရွှေ‌ညောင်ပင် ကျေးရွာအုပ်စု၊ စစ်ဆင်‌ကျေးရွာ၌(၁၃-၂-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃,၁၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၂၃,၁၀ဝ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာတို့အား (၁၅-၂-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန် တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွတာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ် သို့ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၂-၂၀၂၀) ပြည့်နှစ်၊ (၁၃:၀၀) အချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ထား၀ယ်မြို့၊ဇမ္ဗူသီရိ မွန်မြတ်သော ကုသိုလ်ပြု အရေးပေါ် လူနာ(အခမဲ့)ကူညီသယ်ဆောင်ရေးအဖွဲ့မှ ဖွင့်လှစ်သည့် အရေးပေါ်လူနာပြုစုသယ်ဆောင်သင်တန်း၌ သင်တန်းသား/သူ(၇၄)ဦးကို ဦးစီးဌာနမှ ဆောင်ရွက်သည့်လုပ်ငန်းများ၊ သဘာ၀ဘေးအသိပညာပေး လုပ်ငန်းများ၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေများကို ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #tny_feb2020

Sign Up

Upcoming Events