လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် စစ်တွေမြို့နယ်၊ ညိုရောင်ချောင်းကျေးရွာမှ ကျေးရွာသူ/သား (၅၀) ဦးတို့ အား လည်းကောင်း၊ နေ့လည်ပိုင်းတွင် မြစ်နားကျေးရွာမှ ကျေးရွာသူ/သား (၉၀) ဦးတို့အားလည်းကောင်း သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကော်ဖီမစ်ထုပ်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar
#rke_mar2020