လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ကျွန်းသာယာ ကျေးရွာအုပ်စု၊ ခုနှစ်စဉ်ငူကျေးရွာ၌ (၈-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ထောင်စု(၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး စက္ကူပုံးပါ (၄) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇)ရက်စာ (၂၃၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၂၃,၁၀၀/-) ကျပ်တို့အား (၁၃-၃-၂၀၂၀) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများ ရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#ayy_mar2020