လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်အား Myanmar Blue Sky Rescue Development Council အဖွဲ့နှင့် UNICEF အဖွဲ့တို့ သီးခြားစီလာရောက်တွေ့ဆုံ

မတ်လ ၁၃ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့ နေ့လယ်ပိုင်းက Myanmar Blue Sky Rescue Development Council အဖွဲ့ အစည်းနှင့်တွေ့ဆုံရာတွင် ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေငြာထား သည့် COVID-19 ရောဂါနှင့်စပ်လျဉ်းသော အသိပေးခြင်းဆိုင်ရာ လက်ကမ်းစာစောင်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ မူကြိုကျောင်းများ၊ ကိုယ်ထူကိုယ်ထ မူကြိုကျောင်းများနှင့် မိခင်ဝိုင်းများသို့ ဖြန့်ဝေပေးနိုင်ရေးအတွက် သက်ဆိုင်ရာကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပုံနှိပ်ထုတ်ဝေရေးဆောင်ရွက်သွားနိုင်မည့်အခြေအနေနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ UNICEF မှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရသင့်ရထိုက်သောအခွင့်အရေးများအပြည့်အဝရရှိရေးအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများ၊ မသန်စွမ်းမှု မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း ဆိုင်ရာလုပ်ငန်း များအား သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များနှင့် မသန်စွမ်းအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက် နေမှုများ၊ မသန်စွမ်းသူများအားလူမှုရေးဆိုင်ရာဝန်ဆောင်မှုများနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူများ၊ မသန်စွမ်း ကလေးငယ်များ၏ အခွင့်အရေးအပြည့်အဝရရှိရေးအတွက် ရေးဆွဲဆောင်ရွက်မည့် မဟာဗျူဟာ စီမံကိန်းနှင့်ပတ်သက်၍ အာဆီယံအဆင့်ချမှတ်ထားသောမဟာဗျူဟာ ASEAN Enabling Masterplanနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ မဟာဗျူဟာရေးဆွဲဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာပိုင်း ဆိုင်ရာကိစ္စရပ်များအတွက် UNICEF နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl2
#npw_mar2020

Source: MOSWRR

Sign Up

Upcoming Events