လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၌ (၁၅-၂-၂၀၂၀) ရက်နေ့၊ (၁၉:၀၀) နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၆,၃၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (၁) အိမ်ထောင်စာတို့အား (၁၆-၂-၂၀၂၀) ရက်နေ့ (၁၀:ဝဝ) နာရီအချိန်တွင် မီးဘေးသင့်နေအိမ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#bgo_feb2020