Author Archives: RRD
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသသင့်ြည်သူများနှင့် ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) သည် (၂၉-၄-၂၀၁၆) ရက်နေ့တွင် မင်းဘူး (စကု) မြို့နယ်၊ ကမ်းနီကျေးရွာမီးဘေးနှင့် ထုံးမကြီးကျေးရွာလေဘေးသင့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား အင်ဒိုနီရှားသံအမတ်ကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်း
နေပြည်တော်၊ ဧပြီ (၂၉) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဧပြီလ (၂၉) ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Head of UN Wo ဖြစ်သူ Dr.Jean D’Cunhaမှ လာရောက်တွေ့ဆုံခဲ့ ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံရှိ ကျား၊မ အခြေအနေလေ့လာဆန်းစစ်မှုစစ်တမ်းကိစ္စ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးဥပဒေစပ်လျဉ်းသည့်ကိစ္စအမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗေးရှင်း စတုတ္ထနှင့်ပဉ္စမအကြိမ်ပူးတွဲအစီရင်ခံစာနှင့်စပ်လျဉ်းသည့်ကိစ္စ၊ နားလည်မှုစာ ချွန်လွှာရေးထိုးမည့်ကိစ္စ၊ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနလက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲ
နေပြည်တော်၊ ၂၉.၄.၂၀၁၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်(၁၀း၀၀)နာရီက ဝန်ကြီးဌာနစုပေါင်းခန်းမ၌ ဝန်ကြီးဌာန လက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ထမ်းဆောင်ရမည့် တာဝန်၊ လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို တိတိကျကျလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်နေရာတစ်နေရာရခြင်းသည် ရာထူးရတာမဟုတ်ဘဲ တာဝန်တစ်ခုရတာသာဖြစ်ကြောင်း၊ မိမိတို့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ မိမိတာဝန်ကို မိမိတို့ သိပြီးလိုအပ်ချက်များကို ကိုယ်တိုင်ပြုပြင်ရမှာဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်ကြရန်နှင့် ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲရာတွင်၊ သုံးစွဲသည့် … Read more
-
သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ ပိတောက်မြိုင်ပိုင်းသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၆) ရက်နေ့တွင် သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ ပိတောက်မြိုင်ပိုင်းရှိ ပြည်သူများအတွက် သောက်သုံးရေ လီတာ (၃၀၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
(၂၉-၄-၂၀၁၆) ရက်နေ့တွင် ရမည်းသင်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်းရှိ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရမည်းသင်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်းရှိ ရေရှားပါးသော အိမ်ခြေ (၁၀၀) မှ လူဦးရေ (၅၀၀) အတွက် သောက်ရေသန့် (၆) ဘူးပါကဒ် (၂၅၀) ကို တစ်ဦး (၃) ဘူးနုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်နှင့် အေးမြကံသာရပ်ကွက်များသို့ (၂၉-၄-၂၀၁၆) ရက်နေ့တွင် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်နှင့် အေးမြကံသာရပ်ကွက်များသို့ သွားရောက်ကာ သောက်သုံးရေဂါလံ (၃၆၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
(၂၉-၄-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
(၂၉-၄-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၈၀) ဦး တက်ရောက့်ခဲကြောင်း သိရှိရပါသည်။
-
(၂၉.၄.၂၀၁၆ ) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ပုရွက်ဆိတ်ကုန်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
(၂၉.၄.၂၀၁၆ ) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ပုရွက်ဆိတ်ကုန်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၁၈၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ဆောင်ရွက်ပေးမှုသတင်း
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၈-၄-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံ မြို့နယ်၊ မြို့ကြီးကျေးရွာသို့ရောက်ရှိပြီး ဝေဇယန္တာဓမ္မာရုံတွင် လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ထောက်ပံ့သောကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၈၂) အိမ်ထောင်စုစာအား လည်းကောင်း၊ နေအိမ်များပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေကျပ် (၅၈၆) … Read more
-
ထူးခြားမိုးလေ၀သဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း
၁။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ နေ့အပူချိန်များ မြင့်တက်၍ လေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း ၂၀၁၆ ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့မှ မေလ(၅)ရက်နေ့အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အများစုတွင် နေရာကွက်ကြားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ မိုးရွာသွန်းစဉ် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း သိရှိရပါသည်။ ၂။ (၂၉-၄-၂၀၁၆)နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနနှင့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းလေ့လာဆန်းစစ်မှုများအရ မြန်မာနိုင်ငံအထက်ပိုင်းဒေသများ (အထူးသဖြင့်ကချင်ပြည်နယ်) တွင် အထက်ဖော်ပြပါဖြစ်စဉ်များကို … Read more
