၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၈-၄-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံ မြို့နယ်၊ မြို့ကြီးကျေးရွာသို့ရောက်ရှိပြီး ဝေဇယန္တာဓမ္မာရုံတွင် လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ထောက်ပံ့သောကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၈၂) အိမ်ထောင်စုစာအား လည်းကောင်း၊ နေအိမ်များပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေကျပ် (၅၈၆) သိန်းအား လည်းကောင်း၊ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁) သိန်းအားလည်းကောင်း၊ အသင့်စားခေါက်ဆွဲ ခြောက်နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ အားလည်းကောင်း၊ ကလေးများအတွက် ကစားစရာများအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ထောက်ပံ့သော ဆန် (၇၂၀) အိတ်၊ ဆီ (၁) လီတာဆံ့ (၂၈၈၀) ဗူး၊ ငါးသေတ္တာ (၁၃၈၂၄) ဗူးအား တာဝန်ရှိသူတစ်ဦးမှလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါ သည်။
၂။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာငံမြို့နယ်၊ မြစ်ဆုံရွာသို့သွားရောက်၍ လေဘေးကြောင့် ပြိုကျပျက်စီးမှုများအား လေ့လာကြည့်ရှု့ပြီး မြစ်ဆုံဘုန်းတော်ကြီးကျောင်းနှင့် ခန္တော ဘုန်းတော်ကြီးကျောင်းတို့တွင် ဖွင့်လှစ်ထားရှိသော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်လျှက်ရှိသည့် လေဘေးသင့်ကျေးရွာများမှ ကလေးသူငယ်များအား အစားအစာများ ပေးအပ်ခဲ့ပါသည်။
၃။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပင်းတယမြို့နယ်၊ မိုင်းအင်ရွာ ရတနာ မာန် အောင်ဘုန်းတော်ကြီးကျောင်း၌ လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး စကား ပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၃၁၀) အိမ်ထောင်စုစာအားလည်းကောင်း၊ နေအိမ်များပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေကျပ် (၆၄.၄) သိန်းအားလည်းကောင်း၊ အသင့်စားခေါက်ဆွဲခြောက်နှင့် သဘာဝဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များအား လည်းကောင်း၊ ကလေးများ အတွက် ကစားစရာများအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ထောက်ပံ့သော (၁၂) ပေသွပ် (၆၄၂၀) ချပ်အား တာဝန်ရှိသူတစ်ဦးမှလည်းကောင်း ထောက်ပံ့ပေး အပ်ခဲ့ပါသည်။
၄။ ယင်းနောက် မိုင်းအင်ရွာ ရတနာမာန်အောင်ဆရာတော်အား ကန်တော့၍ နဝကမ္မအလှူငွေ ကျပ် (၁) သိန်း လှူဒါန်းခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်းစေတီနှင့် ရှေးဟောင်းရုပ်ပွား တော်အား ဖူးမျှော်ခဲ့ပါကြောင်း သိရှိရပါသည်။