ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား အင်ဒိုနီရှားသံအမတ်ကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်း

1 2 3

နေပြည်တော်၊ ဧပြီ (၂၉)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဧပြီလ (၂၉) ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Head of UN Wo ဖြစ်သူ Dr.Jean D’Cunhaမှ လာရောက်တွေ့ဆုံခဲ့ ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံရှိ ကျား၊မ အ‌ခြေအနေလေ့လာဆန်းစစ်မှုစစ်တမ်းကိစ္စ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးဥပဒေစပ်လျဉ်းသည့်ကိစ္စအမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗေးရှင်း စတုတ္ထနှင့်ပဉ္စမအကြိမ်ပူးတွဲအစီရင်ခံစာနှင့်စပ်လျဉ်းသည့်ကိစ္စ၊ နားလည်မှုစာ ချွန်လွှာရေးထိုးမည့်ကိစ္စ၊ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

အလားတူ ညနေ (၁၄:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံရုံးမှ H.E Dr. Ito Sumardi ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံ၏ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များတွင်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ၊ လုပ်ငန်းစီမံချက်များနှင့်စွမ်းရည် မြှင့်သင်တန်းများပံ့ပိုးမည့်ကိစ္စ၊ ဘေးအန္တရာယ်ကျရောက်လျက်ရှိသော ပြည်သူလူထုအတွက် ပံ့ပိုးဆောင်ရွက်ပေးမည့်ကိစ္စတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အလားတူညနေ (၁၅:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား Help Age International မှ Social Protection Advisor ဖြစ်သူ Dr.Wesumperna Dhamapryia မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းရပ်များတွင် နည်းပညာပိုင်းပံ့ပိုးမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ သက်ကြီးရွယ်အိုဆိုင်ရာမူဝါဒနှင့်စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events