Author Archives: Hlaing ChoOo
-
ပွင့်ဖြူမြို့နယ်နှင့်စလင်းမြို့နယ်လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈) ရွာတို့တွင် (၁၃-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၅၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်အိမ်ခြေ (၂၃၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၇၆၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော် ကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၁၀၅၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၂၁၇,၆၀၀ိ/-) ကျပ်၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိ သူများ သည် (၁၇-၅-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) မှ (၁၀း၃၀) နာရီအချိန်အထိ ဇဗ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူ ရပ်ကွက်အတွင်းရှိ ကျေးရွာသူ/သား (၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး အသိ ပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar npw_may2018
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လှိုင်းဘွဲ့မြို့ နယ်၊ ပိုင်ကျုံမြို့၊ ပေါလောက်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၌ (၁၅-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၁၇-၅-၂၀၁၈) ရက်နေ့တွင် သေဆုံသူ၏ မိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_tls #krn_may2018
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်းသီ ကျေးရွာ၊ ထော်သာကျေးရွာနှင့် ကြာအင်းကျေးရွာတို့တွင် (၁၅-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်အိမ်ထောင်စု (၁၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၇) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-) ကျပ်တို့အား (၁၆-၅-၂၀၁၈) ရက် နေ့တွင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့်ပူးပေါင်း၍ ဘေးဖြစ်ပွားရာကျေးရွာများသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #sgg_may2018
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာ ဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ သော်ကကုန်းကျေးရွာတွင် (၁၆-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈) ဦးအတွက် Unicef Family Kits (၂၆) မျိုးပါ (၂) ပုံး (၁၆၄,၀၀၀ိ/-)၊ ပလပ်စတစ်ပုံး (၂) ပုံး (၁၂,၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၆,၈၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
မကွေးမြို့နယ်အတွင်း သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ ဦးပျိုလု(တဲတိုက်)နှင့် ဗိုလ်တဲ(တဲတိုက်)တို့တွင်သောက်သုံးရေ အခက်အခဲဖြစ်နေသော အိမ်ခြေ(၁၀၀) လုံး၊ အိမ်ထောင်စု (၁၁၀) စု၊ လူဦးရေ (၅၀၀) ဦးတို့အတွက် ရေဂါလံ (၈၀၀၀)အား (၁၇-၅-၂၀၁၈)ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_drg #mgy_may2018
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းအုပ်စု၊ ကန့်လန့်ကုန်းကျေးရွာ၌ (၁၅-၅-၂၀၁၈) ရက်နေ့တွင် ကမ်းပြို ကြိုရွှေ့နေအိမ် (၇) လုံးအတွက် ထောက်ပံ့ငွေ (၇၀၀,၀၀၀ိ/-)ကျပ်အား (၁၇-၅-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #bgo_may2018
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ရပ်ကွက် (၂) ခု၊ ကျေးရွာအုပ်စု (၆) စုတို့တွင် (၁၃-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲအိမ်ခြေ (၅) လုံးအတွက် ကယ်ဆယ် ရေးပစ္စည်း (၉) မျိုး (၅) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၅၇၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၆၁)လုံးနှင့် ဘုန်းကြီး ကျောင်း (၂) ကျောင်း အတွက် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ခေမံအုပ်စု၊ လယ်ဦးစုကျေးရွာနှင့် မြိုင်တွင်းကျေးရွာတို့တွင် (၁၅-၅-၂၀၁၈) ရက် နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန် နေအိမ် (၆) လုံး အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၈,၀၀၀ိ/-)ကျပ်တို့အား (၁၇-၅-၂၀၁၈) ရက်နေ့ (၈း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်း ရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_may2018
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါက်ခေါင်း မြို့နယ်၊ ပန်းတောက်ကုန်းကျေးရွာအုပ်စု၊ ပဇင်ကျယ်ကျေးရွာ၌ (၁၂-၅-၂၀၁၈)ရက်နေ့တွင် မိုးကြိုးဘေး ကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်အား (၁၇-၅-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ သေဆုံးသူ မိသားစုထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #bgo_may2018
