
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်းသီ ကျေးရွာ၊ ထော်သာကျေးရွာနှင့် ကြာအင်းကျေးရွာတို့တွင် (၁၅-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်အိမ်ထောင်စု (၁၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၇) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-) ကျပ်တို့အား (၁၆-၅-၂၀၁၈) ရက် နေ့တွင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့်ပူးပေါင်း၍ ဘေးဖြစ်ပွားရာကျေးရွာများသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#sgg_may2018