ပွင့်ဖြူမြို့နယ်နှင့်စလင်းမြို့နယ်လေဘေးထောက်ပံ့မှုသတင်း

18 Pic 02
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈) ရွာတို့တွင် (၁၃-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၅၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်အိမ်ခြေ (၂၃၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၇၆၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော်
ကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၁၀၅၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၂၁၇,၆၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇,၄၇၇,၆၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၉) စုစာအားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၂၃၈) စုစာအားလည်းကောင်း၊ ဆက်လက်၍ စလင်းမြို့နယ်၊ ရွာသစ်ကျေးရွာတွင် (၁၆-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ (၇) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၉၀,၃၀၀ိ/-) ကျပ်၊ စုစုပေါင်း (၂၃၀,၃၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၄၃) စုစာတို့အား (၁၇-၅-၂၀၁၈) ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_may2018

Sign Up

Upcoming Events