Latest News
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မန်ကျီးပင်ကျေးရွာအုပ်စု၌ ဖြစ်ပွားသော ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မန်ကျီးပင်ကျေးရွာအုပ်စု၌ (၁၁.၉.၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၉၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၀၇၆၇၈/-)၊ (၉၉) အိမ်ထောင်စုစာ (၁၀၆၆၀၁၂၂/-)တို့အား (၈.၁၀.၂၀၂၄) ရက်နေ့တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_oct_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ သဲဖြူကျေးရွာနှင့် ညိုပင် ကျေးရွာအုပ်စု၊ သုံးတန်ကူးကျေးရွာ၌ ဖြစ်ပွားသော ကမ်းပြိုဘေးနှင့် မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ သဲဖြူကျေးရွာနှင့် ညိုပင်ကျေးရွာအုပ်စု၊ သုံးတန်ကူးကျေးရွာ၌ (၂၀.၉.၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွေ့နေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၂၀) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂,၀၀ဝိ/-)၊ သစ်ကြိမ်း ကျေးရွာအုပ်စု၊ ဟေမာန်ကျေးရွာ၌ (၁.၁၀.၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့်ဖျက်သိမ်းပြောင်းရွေ့နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ ဖြစ်ပွားသော ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေး မြို့နယ်တွင် (၁၁.၉.၂၀၂၄) ရက်နေ့၌ ဖြစ်ပွားခဲ့သော ရေဘေးကြောင့် မျောပါနေအိမ် (၅၀)လုံးအတွက် (၁၀၇၆၇၈/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၅၀) အိမ်ထောင်စုစာ(၅၃၈၃၉၀၀/-)တို့အား (၃၀.၉.၂၀၂၄) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_oct_2024 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.ထ.က(၁)၊ ပညာရတနာခန်းမ၌ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်(နည်းပြ) သင်တန်းတွင် သဘာဝဘေးအသိပညာပေး ဆွေနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၂၉.၉.၂၀၂၄) ရက်နေ့တွင် မြောင်းမြမြို့၊ အ.ထ.က(၁)၊ ပညာရတနာခန်းမတွင် ပညာရေးဝန်ကြီး ဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်း၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော အကြောင်းအရာများ နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_oct_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ ဖြစ်ပွားသော ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ ညွှန်ကြားရေးမှူး၊ ဦးစဝီလီဖရန့်သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် (၁၁.၉.၂၀၂၄) ရက်နေ့၌ ဖြစ်ပွားခဲ့သော ရေဘေးကြောင့် မျောပါနေအိမ် (၃၀)လုံးအတွက် (၁၀၇၆၇၈/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၃၀) အိမ်ထောင်စုစာ (၃၂၃၀၃၄၀/-) တို့အား နေပြည်တော် ကောင်စီဥက္ကဌကြီးနှင့် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုး၊ သက်ဆိုင်ရာငှာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၂၉.၉.၂၀၂၄) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_oct_2024 Source: … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေ”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- “ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် အားလျော့သွားပြီ ဖြစ်ပါသည်။”









