Latest News
-
မြစ်ရေကြီးမှုအခြေအနေသတင်း
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေသည် ဆိပ်သာမြို့တွင် (၂)ပေခန့်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေသည် ဟင်္သာတမြို့တွင် (၁)ပေခန့်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေသည် ဇလွန်မြို့တွင် (၁)ပေခန့်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပါသည်။ … Read more
-
မိုးကြိုးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံ ခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျးရွာအုပ်စုတွင် (၂၈-၈-၂၀၂၀) ရက်နေ့၊ (၂၀:၄၀) နာရီအချိန်၌ မိုးသည်းထန်စွာရွာသွန်းပြီး ၎င်းနေအိမ်တဲအားမိုးကြိုးပစ်သဖြင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦး အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၉-၈-၂၀၂၀) ရက်နေ့တွင် ကျန်ရစ်သူမိသား စုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #mon_aug2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလုပ်ငန်း များ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မမြို့နယ်၊ သာယာအေးရပ်ကွက်၊ ဇေယျာသီရိရပ်ကွက်နှင့် ရွှေမြိုင်သီရိရပ်ကွက်တို့တွင် COVID-19 ရောဂါကူးစက်ပျံနှံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် mask camping အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျန်မာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၉-၈-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီအချိန်တွင် သာပေါင်းမြို့၊ ရပ်ကွက်(၁၊ ၂၊ ၃)နှင့် လှေကြီးတက်ကျေးရွာအုပ်စုများရှိ ပြည်သူများအား အမိန့်ညွှန်ကြားချက်များ ကြေညာ ပေးခြင်း၊ mask camping အသိပညာပေးခြင်းနှင့် Covid-19 အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #ayy_aug2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး COVID – 19 စီးပွားရေးကုစားမှုအစီအစဉ်အရ ချင်းပြည်နယ်၊ ဆမီးမြို့ရှိ တိုက်ပွဲရှောင်များအတွက် ထောက်ပံ့ခြင်းနှင့် ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်များအတွက် ဆက်လက်ထောက်ပံ့နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း
ဩဂုတ်လ၊ ၂၉၊ နေပြည်တော် နိုင်ငံတော်အစိုးရ၏ COVID – 19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ချင်းပြည်နယ်၊ ဆမီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန် ငွေကြေးထောက်ပံ့ခြင်းနှင့် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု များအတွက် ဆက်လက်ထောက်ပံ့ပေးနိုင်ရေးညှိနှိုင်းဆွေးနွေးမှုများကို ယနေ့ညနေပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက Video Conferencing စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ချင်းပြည်နယ် … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် COVID–19 စီးပွားရေး ကုစားမှုအစီအစဉ်အရ အထူးလူမှုကာကွယ ်စောင့်ရှောက်ရေးထောက်ပံ့မှု အကူအညီများပေးအပ်
ဩဂုတ်လ (၂၉) ၊ နေပြည်တော် COVID -19 ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ၏ COVID – 19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ ထိခိုက်လွယ်အုပ်စုများ၊ အနာကြီးရောဂါခံစားနေရသူများအား စောင့်ရှောက်နေသည့် ဂေဟာ များအတွက် အထူးလူမှုကာကွယ်စောင့်ရှောက်ရေးပံ့ပိုးကူညီထောက်ပံ့မှုများကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။ ရှေ့ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၀)နှစ်နှင့် အထက် (၈၅)နှစ်အောက် ဘိုးဘွားများ၊ ထပ်မံ၍စာရင်းကောက်ယူရရှိသော မသန်စွမ်းသူများအား ငွေကြေးတစ်ကြိမ် … Read more









