Latest News
-
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်
ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ တိုးမြစ်ရေ သည် မအူပင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက် ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ဒီရေမြင့်တက်ချိန် တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မအူပင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူ များအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
ရေဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေတောင်မြို့၊ သရက်တောရပ်ကွက်၊ ယွန်းတန်းရပ်ကွက်နှင့် ကြာနီကန်ရပ်ကွက်တို့၌ (၂၇/၂၈/၂၉-၈-၂၀၂၀)ရက်နေ့များတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ပြောင်းရွှေ့ အိမ်ထောင်စု (၁၅၉)စုမှ လူဦး ရေ (၆၄၈)ဦးတို့အတွတ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း(၁၃၆၀၈၀၀) ကျပ်၊ အိမ်ထောင်စု (၁)စုလျင်ဆပ်ပြာ (၁)တောင့်၊ Surgical Mask (၂)ခုနှုန်းဖြင့် ဆပ်ပြာ (၁၅၉)တောင့်နှင့် Surgical Mask (၁၂၉၆)ခုတို့အား (၃၁-၈-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_sep2020 Source: … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ မင်းကင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ မအူကုန်းကျေးရွာနှင့် အင်ကြင်တောင်ကျေးရွာတို့တွင် (၁-၉-၂၀၂၀)ရက်နေ့၌ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၄၅)စု၊ လူဦးရေ (၂၄၄) ဦးတို့အတွက် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် (၁)အိမ်ထောင်လျှင်(၄၀,၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁,၈၀၀,၀၀ဝိ/-)အား (၃၁-၈-၂၀၂၀) ရက်နေ့ (၁၂:၃၀) အချိန်တွင် ဆဒုံးမြို့အထွေထွေအုပ်ရေးဦးစီးဌာန(ခန်းမ)၌ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #kcn_sep2020
-
ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးသစ်ဖွင့်ပွဲ အခမ်းအနားအား (၁-၉-၂၀၂၀) ရက်နေ့နံနက် (၀၉:၀၀) အချိန်တွင် ရေနံချောင်းမြို့နယ် အဆိုပါ(ယာယီရုံးခန်း)သစ်တွင် ကျင်းပြုလုပ်ခဲ့ပြီး၊ ၎င်းအခမ်းအနားသို့ ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြာပြီး၊ တက်ရောက်လာသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား ဦးစီးဌာန၏ လုပ်ဆောင်နေသောလုပ်ငန်းတာဝန်များအား မိတ်ဆက် ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #office_dev #mgw_sep2020
-
Facility Quarantine Center အဖြစ် အသုံးပြုနိုင်သည့် Shelter များတွင် လက်ဆေးဘေစင်နှင့် ဆက်စပ်လုပ်ငန်းများပြုလုပ်ရန် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့တွင် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း Facility Quarantine Center အဖြစ် အသုံးပြုနိုင်သည့် Shelter (၁)လုံးလျှင် လက်ဆေးဘေစင် (၃)ခု၊ ရေသိုလှောင်ကန်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများပါဝင်သည့် လုပ်ငန်းများအား ဆောင်ရွက်ရန် အတွက် ငွေ (၁၅) သိန်းကျပ်စီဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ School Cum Shelter (၅) လုံးအတွက် … Read more









