မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်       ( ၁၁-၉-၂၀၂၀) ရက်နေ့ (၀၈း၀၀)အချိန်မှ (၀၉း၀၀)အချိန်ထိ  သံတွဲမြို့၊ အမှတ်(၅)ရပ်ကွက်တွင်လည်းကောင်း၊ (၀၉း၃၀)အချိန် မှ(၁၀း၃၀)အချိန်ထိ အမှတ်(၆)ရပ်ကွက်တွင်လည်းကောင်း၊ (၁၁း၀၀)မှ(၁၂း၀၀)ထိ အမှတ်(၇)ရပ်ကွက်တွင်လည်ကောင်း၊ (၁၃း၀၀)မှ(၁၄း၀၀)ထိ အမှတ်(၈)ရပ်ကွက် တွင်လည်းကောင်း လှည့်လည်၍ COVID-19ရောဂါကူးစက်ပျံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #rke_sep2020 Source:             သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ ကျောက်တောင်ကျေးရွာ နှင့် မြစ်ဆုံကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ‌ နေထိုင်ရမည့် ကျန်းမာ‌ရေးအမူအကျင့်များ အသိပညာပေးဟောပြောခြင်း၊ အခြားသော သဘာဝဘေးများနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေ ပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more

  • (Covid-19) ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၉-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ မိုင်းဖြတ်မြို့နယ်ရှိ တာကျောက်ကျေးရွာနှင့် ဆွပ်ပလောင်းကျေးရွာတို့တွင် (Covid-19) ရောဂါ ဒုတိယလှိုင်း ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် ကျေးရွာပြည်သူများအား (Covid-19) ရောဂါနှင့်ပတ်သက်သော ကျန်းမားရေးအမူအကျင့်များ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာတို့အား အသံချဲ့စက်အသုံးပြု၍ ကျေးရွာပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပညာပေးခြင်းနှင့် (Covid-19) အသိပညာပေးလက်ကမ်းစာစောင်များ၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ Mask များ၊ လက်ဆေးဆပ်ပြာများ ဖြန့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_sep2020 … Read more

  • (Covid-19) ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      (၁၂-၉-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၂-၉-၂၀၂၀) ရက်နေ့ တွင် ဟိုပုံးမြို့ပေါ်ရှိ တုန်ခမ်းရပ်ကွက်၊ ရန်ကင်းကျေးရွာနှင့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် mask၊ (Covid-19) ရောဂါအသိပညာပေးလက်ကမ်းစာစောင်များနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေပြီး အသိပညာပေးဆောင်ရွက်လိုက်နာရန် လိုအပ်သည်များကို အသံချဲ့စက်ဖြင့်လည်း လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_sep2020     Source: ဟိုပုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ တိုင်းဒေသကြီး/ပြည်နယ်(၉)ခုရှိ မသန်စွမ်းသူများနှင့် ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်

    စက်တင်ဘာ ၁၁၊ နေပြည်တော် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ တိုင်းဒေသကြီး/ ပြည်နယ် (၉) ခုရှိ မသန်စွမ်းသူများနှင့် ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ Online စနစ်ဖြင့်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ COVID-19 ကာလအတွင်း မသန်စွမ်းသူများအပါအဝင် ပရဟိတဂေဟာ/ရိပ်သာများတွင် လက်ခံ စောင့်ရှောက်ထားသူများ၏ အာဟာရပြည့်ဝစေရန်အတွက် စားနပ်ရိက္ခာထောက်ပံ့ကြေးအဖြစ် မသန်စွမ်းသူတစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝ) နှုန်းဖြင့်လည်းကောင်း၊ … Read more

  • Covid-19 ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်       ( ၁၂-၉-၂၀၂၀) ရက်နေ့ (၀၈း၀၀)အချိန်မှ(၀၉း၀၀)အချိန်ထိ သံတွဲမြို့နယ်၊ ငပလီမြို့ ၊မြပြင်ရပ်ကွက်တွင်လည်းကောင်း၊ (၀၉း၃၀)အချိန် မှ(၁၀း၃၀)ထိငပလီမြို့၊ လင်းသာရပ်ကွက်တွင်လည်းကောင်း၊ (၁၁း၀၀)မှ(၁၂း၀၀)ထိ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်တွင်လည်းကောင်း၊ (၁၃း၀၀)မှ(၁၄း၀၀)ထိ ငပလီမြို့ဂေါ့ရပ်ကွက်တွင်လည်းကောင်းလှည့်လည်၍ COVID-19ရောဂါကူးစက်ပျံ့မှု မဖြစ်ပွားစေရေးနှင့်မိုး ရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #rke_sep2020 Source:             သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)