ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀) ရက်နေ့၌ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆင်ဂွေကျေးရွာအုပ်စု၊ ဆင်ဂွေ၊ ဗောဓိကုန်း၊ ထိပ်ပေါက်၊ ကူးတို့ကုန်း၊ မကျီးကုန်းနှင့် ပိတောက်စမ်းကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ အားလည်းကောင်းအသိပညာပေးဆော်ဩခဲ့ပြီး ပြည်သူလူထုအား Mask များဖြန့်ဝေပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_nov2020 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်သဘာဝဘေးဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ ကျေးပေါ်ခုံကျေးရွာနှင့် ရေဦးကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက် များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကြပ်ကျေးရွာအုပ်စု၊ သစ်ရာပင်ကျေးရွာ၌ (၂၁-၁၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးမှ လူနေအိမ် (၂) လုံးအတွက် အိမ်‌ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၂) စု လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂,၆၀၀/-)ကျပ် ၊ ကယ်ဆယ်‌ရေးပစ္စည်း (၁၇) မျိုး (၂)အိမ်ထောင်စာနှင့် mask (၁၂) ခုအား (၂၃-၁၁-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ပါကြောင်း … Read more

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် လားရှိုးမြို့နယ် ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ လားရှိုးမြို့နယ်၊ ဟိုပိတ် ကျေးရွာအုပ်စု၊ ဟိုပိတ်စျေး၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း များကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး၊ COVID-19 ကာကွယ်နိုင်ရန် နှာခေါင်း စည်း အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ COVID-19 ကာကွယ်ရေး စနစ်ကျလက်ဆေးပေး ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Hand Gel … Read more

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၀) ရက်နေ့၊ နံနက် (ဝ၈:၃၀) နာရီအချိန်မှ နေ့လည် (၁၂:ဝဝ) အချိန်ထိ နမ့်စန်မြို့နယ်မီးသတ် ဦးစီးဌာနနှင့်ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်း ကူးစက်ပျံ့ပွားမှုကာကွယ်ရေးအတွက် နမ့်စန်မြို့၊ ပျံကျစျေးနှင့် ရပ်ကွက်(၂/၄/၅) စစ်မှုထမ်း ဟောင်း ရပ်ကွက်တို့၌လည်းကောင်း၊ မွန်းလွဲပိုင်း (၁၃:၀၀)နာရီအချိန်မှ ညနေ(၁၆:၁၅) နာရီအချိန်ထိ နမ်စန်မြို့၊ ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၊ ထင်းရှုးမြိုင်ကျေးရွာ၌လည်း ကောင်း၊ Covid-19ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ သဘာဝဘေး အန္တရာယ်အကြောင်းများနှင့် … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှစ၍ ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာ၌လည်းကောင်း၊ (၁၀:၀၀)နာရီအချိန်မှစ၍ ကွင်းဝိုင်းကျေးရွာ၌လည်းကောင်း၊ (၁၂:၃၀)နာရီအချိန်မှစ၍ ပျဉ်းမကုန်းကျေးရွာ၌လည်းကောင်း၊ (၁၄:၀၀)နာရီအချိန်မှစ၍ ရွာသာအေးကျေးရွာ၌လည်းကောင်း၊ (၁၅:၃၀)နာရီအချိန်မှစ၍ မားယားကျေးရွာ၌လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှုမပေါ်ပေါက်စေရေး ပြည်သူသို့ပန်ကြားချက်အား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)